မြောက်ဒဂုံမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များကို အခြေခံစားသောက်ကုန်များ လှူဒါန်း

ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းရှိ သန္ဓေနဲ့ အရန် မီးသတ်တပ်ဖွဲ့ဝင်တွေကို Our Leader အဖွဲ့က အခြေခံစားသောက်ကုန်တွေ ဒီနေ့မနက်ပိုင်းက လှူဒါန်းခဲ့ပါတယ်။

YM279364

ဆန်၊ ဆီ၊ မြေပဲ၊ ငါးခြောက်၊ ကြက်သွန်နီ၊ ကြက်ဥ စတာတွေ လှူဒါန်းတာဖြစ်ပြီး အရန်မီးသတ် ၅၀ နဲ့ သန္ဓေမီးသတ် ၃၀ ကို ငွေနှစ်သောင်းဝန်းကျင်ဖိုးစီ လှူဒါန်းတာပါ။

YM279249

လှူဒါန်းပွဲကို ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နဲ့ မြောက်ဒဂုံမြို့နယ်က တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

YM279279

Our Leader အနေနဲ့ အစိုးရအဖွဲ့ရဲ့ အထောက်အပံ့မရရှိတဲ့၊ အလှူငွေမရရှိတဲ့ နေရာတွေကို အဓိကထားလှူဒါန်းနေတယ်လို့ သိရပါတယ်။

#ဒီဗွီဘီ

Facebook Comments

Burmese Online News