ထိုင်းဘက်က မြန်မာနိုင်ငံသားတွေ ဒီကနေ့ စပြန်လာပြီ

ထိုင်းဘက်က မြန်မာအလုပ်သမားတွေကို ပြန်ပြီး စတင်လက်ခံတဲ့ ဒီနေ့ မေလ ၁ ရက်နေ့မှာပဲ ထိုင်းနယ်စပ် မဲဆောက်ဘက်ကနေ အလုပ်သမားတွေ မြန်မာဘက်ကို ပြန်လာတဲ့သတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးပါမယ်။ ထိုင်းနိုင်ငံကနေ နေရပ်ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေထဲက ဘန်ကောက်နဲ့ တခြားမြို့နယ်တွေက ပြန်လာကြမယ့် အလုပ်သမားတွေက ထိုင်းနိုင်ငံ ရဲအရေးပေါ်အမိန့် ကြောင့် မပြန်လာနိုင်ကြသေးပေမယ့် မေလ ၁ ရက်နေ့မှာတော့ မဲဆောက်က အလုပ်သမားများ စတင်နေရပ်ပြန်လာကြကြောင်း ကရင်ပြည်နယ် မြ၀တီမြို့က ပြည်နယ်လွှတ်တော်အမတ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

မေလ ၁ရက်နေ့မှာ မြန်မာပြည်ဘက်ကို ပြန်ဝင်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား တဦး (သတင်းဓာတ်ပုံ - KO LIN (NLD))

“၀င်တာကတော့ မဲဆောက်ဘက်ကနေ ပြန်ဝင်လာတာပါ။ မဲဆောက်ကနေ ၀င်လာတာ မနက်ပိုင်းကနေ စတင်လာပါတယ်။ အားလုံးပေါင်း နေ့လယ် ၁၂ နာရီအထိ စာရင်းကတော့ ၅၁ ယောက်ရှိပါပြီ။ ဆက်ပြီး ၀င်လာကြအုန်းမလားမသိဘူး။ သူတို့ ၀င်လာအုန်းမယ်ဆိုရင်ကျနော်တို့ကတော့ ဆက်လက်ခံပေးနေအုန်းမှာပဲ။ ဒီနေ့ ၀င်တာက မဲဆောက်ဘက်ကလူတွေကနယ်စပ်ကို ဖြတ်ပြီး ပြန်ဝင်လာတာပါ။ ဘန်ကောက်က လူတွေကတော့ မ၀င်လာသေးဘူးဗျ ”

ရွှေ့ပြောင်းအလုပ်သမားများ စိစစ် ...

လက်ရှိမှာ ထိုင်းနိုင်ငံအတွင်းမှာ COVID-19 အရေးပေါ်ကာလကို သက်တမ်း တလတိုးထားတာကြောင့် ညမထွက်ရနဲ့ ခရိုင်တခုနဲ့ တခု ဖြတ်ကျော်သွားလာတာတွေ မေလကုန်အထိ လုပ်လို့ မရပါဘူး။ ဒါကြောင့်လည်း အခြားခရိုင်တွေက မြန်မာအလုပ်သမားတွေ နယ်စပ်အထိ လာနိုင်ဖို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာဌာနတွေက ညှိနှိုင်းနေတယ်လို့ မြန်မာသံရုံးက ပြောပါတယ်။ မကြာခင်ရက်ပိုင်းမှာပဲ ပြေလည်မှုတွေ ရနိုင်မယ်လို့ ယူဆရကြောင်း ကရင်ပြည် မြ၀တီခရိုင်က အာဏာပိုင်တွေကလည်း ဆိုပါတယ်။

ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာ ...

နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေချိန်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းကျန်းမာရေးဌာနက သတ်မှတ်ထားတဲ့အတိုင်း နေထိုင်ကြဖို့ လူစုလူဝေးမလုပ်ဖို့ တဦးနဲ့ တဦး သတ်မှတ်အကွာအဝေးမှာ နေကြဖို့ ထိုင်းနိုင်ငံရဲ့ ညွှန်ကြားချက်တွေကို လိုက်နာဖို့ကိုလည်း ထိုင်းနိုင်ငံဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကလည်း တိုက်တွန်းထားပါတယ်။

#VOA

Facebook Comments

Burmese Online News