ပေါက်ခေါင်းက(၁၀)နှစ်အရွယ် ကလေး အပါအဝင်နောက်ထပ်(၃)ဦး Negativeနှစ်ကြိမ်ပြ

ရောဂါပိုးကင်းစင်သူ ၃၃ ဦးရှိနေပါပြီ ပေါက်ခေါင်းမြို့က အသက် ၁၀ နှစ်အရွယ်ယောကျာ်းလေးတစ်ဦးအပါအဝင် နောက်ထပ် ၃ ဦး Negative နှစ်ကြိမ်ဆက်ပြထားတာကြောင့် မြန်မာနိုင်ငံမှာ ရောဂါပိုးကင်းစင်သူ ၃၁ ဦးရှိလာပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီနေ့ မေလ ၁ ရက် ည ၈နာရီမှာ သတင်းထုတ်ပြန်ပါတယ်။

COVID-19 ကြောင့် ပေါက်ခေါင်းမြို့မဈေး ...

ထပ်တိုးခဲ့တဲ့ Negative နှစ်ကြိမ်ပြထားသူတွေကတော့ ထိုင်းနိုင်ငံက ပြန်လာသူ ရှမ်းပြည်နယ်ကျောက်မဲမှာ နေထိုင်တဲ့ လူနာအမှတ်(၁၄) ၊ ပေါက်ခေါင်းမြို့နယ်က အသက် ၁၀ နှစ်အရွယ် လူနာအမှတ် ၁၈ (မိခင် လူနာအမှတ် ၁၅ မှ ကူးစက်ခဲ့သူ) နဲ့ တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူ အသက် ၅၇ နှစ်အရွယ် အမျိုးသား (ဒေးဗစ်လားမှ ကူးစက်ခဲ့သူ) တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်မဲက Covid-19 လူနာကို လားရှိုး ...

ဒီနေ့မှာပဲ ပိုးကင်းစင်ထားသူ (၁၀) ဦးကိုလည်း ဆေးရုံကဆင်းခွင့်ပြုလိုက်ရာမှာ တရားဟောဆရာဒေးဗစ်လား၊ အသက် ၆၀ အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးတို့လည်း ပါဝင်ခဲ့ပါတယ်။ ဆေးရုံက ဆင်းခွင့်ပြုထားသူ ( ၁၀) ဦးမှာ လူနာအမှတ် ၂၊ ၆၊ ၃၂၊ ၃၃၊ ၃၈၊ ၄၁၊ ၄၇၊ ၅၀၊ ၅၄ နဲ့ ၅၈ တို့ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ဆေးရုံဆင်းခွင့်ရရှိသူမှာ စုစုပေါင်း ၂၇ ဦးအထိ ရှိနေပြီး သူတို့ကို တော့သတ်မှတ်နေရာမှာ အသွားအလာကန့်သတ်စောင့်ကြည့်ထားဆဲဖြစ်ပါတယ်။

7Day News | စနစ်တကျ စောင့်ကြည့်စစ်ဆေး ...

ဒါ့အပြင် ဒီနေ့ ည ၈နာရီထုတ်ပြန်ချက်အရ မေလ ၁ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၉၆ ခုကို စစ်ဆေးရာမှာတော့ အားလုံးမှာ ရောဂါပိုးမတွေ့ရှိဘူးလို့လည်း ဆိုပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ ၁၅၁ ဦး၊ ရောဂါပိုးကင်းစင်သူ ၃၁ ဦးနဲ့ သေဆုံးသူ ၆ ဦးရှိနေပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News