မြန်မာအထည်ချုပ်လုပ်သားတွေအတွက် အီးယူ ငွေကြေးထောက်ပံ့မှု စတင်

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ MAY DAY နေ့ကျရောက်တဲ့ မေလ ၁ ရက်နေ့မှာပဲ ဥရောပ သမဂ္ဂ (EU) က မြန်မာနိုင်ငံအတွင်း COVID-19 ဂယက်ကြောင့် အလုပ်ပြုတ်ခဲ့ကြရတဲ့ မြန်မာ အလုပ်သမားတွေကို ငွေကြေးအကူအညီတွေ စတင်ပေးနေပြီ ဖြစ်ပါတယ်။

၂၀၁၂ စက်တင်ဘာတုန်းက အထည်ချုပ်စက်ရုံတွင်လုပ်ကိုင်နေသော အလုပ်သမများ။

ဥရောပ သမဂ္ဂရဲ့ “မြန်ကူ” အရေးပေါ် ရန်ပုံငွေက ပထမအသုတ်အဖြစ် အထည်ချုပ်လုပ်ငန်းတွေကနေ အလုပ်လက်မဲ့ ဖြစ်ခဲ့သူ (၃၀,၀၀၀) ၃ သောင်းကို တစ်ဦးကို မြန်မာငွေ (၇၅,၀၀၀) ၇ သောင်းခွဲ ငွေသားနဲ့ ထောက်ပံ့ပေးတာ ဖြစ်တယ်လို့လည်း EU က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်း လုပ်ငန်း ရပ်ဆိုင်းခံရသူတွေနဲ့ အလုပ်ထုတ်ခံရသူတွေ အတွက် မေ၊ ဇွန်နဲ့ ဇူလိုင်လ ၃ လစာ ငွေကြေး အထောက်အပံ့ ပေးတာ ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံအသစ်ဖွင့်လှစ်မှု ...

ပြည်ပအဝယ်တွေက အရင်မှာယူထားတဲ့ အော်ဒါတွေကို ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာနဲ့ လျှော့ချတာတွေကြောင့် နောက်လာမယ့် လ တွေမှာ အထည်ချုပ်လုပ်ငန်းအတွက် အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့လည်း EU က ပြောပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပထမ ...

အခုလို တစ်ကမ္ဘာလုံး အကြပ်အတည်း ဆိုက်ချိန်မှာ ဆင်းရဲနွမ်းပါးသူတွေက ထိခိုက်ခံစားရတာ အများဆုံးမို့ တစ်ကမ္ဘာလုံးအနေနဲ့ အကာအကွယ်မဲ့သူတွေအတွက် လူမှုဖူလုံရေးစနစ်ကို တိုးတက်အောင် လုပ်ဖို့လိုကြောင်းနဲ့ “မြန်ကူ” အရေးပေါ် ရန်ပုံငွေဟာ ဥရောပ သမဂ္ဂ EU နဲ့ မြန်မာ အလုပ်သမား ထောင်ပေါင်းများစွာအကြား သွေးစည်းညီညွတ်မှုကို ပြသတာပဲလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရဲ့ သံအမတ်ကြီး Kristian Schmidt ကပြောပါတယ်။

Xinhua Myanmar - အထည်ချုပ် စက်ရုံများ ...

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေကတော့ အခုလို ကြပ်တည်းမှုနဲ့ ကြုံတွေနေရချိန်မှာ “မြန်ကူ” အစီအစဉ်က တစ်ဆင့် မြန်မာ အလုပ်သမားတွေ အထောက် အပံ့ပေးလို့ EU ကို ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အထည်ချုပ် ...

အခု ပထမအသုတ်အကူအညီ ရရှိသူတွေထဲ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက အလုပ်ရပ်ဆိုင်းခံရတဲ့ စက်ရုံ ၆ ရုံက အလုပ်သမားတွေ ပါဝင်ပါတယ်။ နောက်လာမယ့် သီတင်းပတ်တွေမှာ “မြန်ကူ” အနေနဲ့ မြန်မာ အလုပ်သမား စုစုပေါင်း ၉ သောင်း ဝန်းကျင်ကို ကူညီနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ

Facebook Comments

Burmese Online News