လူနာအမှတ် ၁၄ လားရှိုးဆေးရုံမှ ဆင်းခွင့်ရ၊ ကျန်းမာရေးဝန်ထမ်းများ လက်ခုပ်တီးဂုဏ်ပြု

COVID-19 ရောဂါပိုးပျောက်သွားတဲ့ လူနာအမှတ် ၁၄ ကို မတ်လ ၂ ရက်နေ့မနက်ပိုင်းက လားရှိုးဆေးရုံကြီးကနေ ဆင်းခွင့်ပေးပြီး ကျောက်မဲဆေးရုံကို ဆက်လက်လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

လူနာအမှတ် ၁၄ ဆေးရုံဆင်းတဲ့အချိန် ဆရာဝန် ဆရာမတွေက လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြပါတယ်။ ကျောက်မဲဆေးရုံမှာ သီးသန့်ခွဲထားမှာဖြစ်ပြီး အိမ်ကိုရောက်ရင်လည်း သီးသန့်နေထိုင်ရမှာ ဖြစ်ပါတယ်။

Image may contain: 1 person

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့ လူနာအမှတ် ၁၄ ဟာ COVID-19 နှစ်ကြိမ်စစ်ဆေးပြီးနောက် ပိုးမတွေ့ရှိတော့ကြောင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Image may contain: 1 person, standing and outdoor

#ဒီဗွီဘီ

Facebook Comments

Burmese Online News