ဒေးဗစ်လားအပါအဝင် ၄ ဦးကို တရားစွဲဆိုမည့်နေ့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ထုတ်ပြန်ကြေငြာလိုက်ပါပြီ

ဒေးဗစ်လားအပါအဝင် လေးဦးကို ရန်ကုန်တိုင်းအစိုးရက တရားစွဲဆိုမည့်နေ့ ထုတ်ပြန်ကြေငြာပြီ။ရန်ကုန်တိုင်းအစိုးရက အမှုဖွင့်ထားသည့် ဒေးဗစ်လား အပါအဝင် လေးဦး ဆေးရုံဆင်းခဲ့ပါက Home Quarantine ခုနစ်ရက်ပြီးနောက် အမှုဆက်လက်ရင်ဆိုင်ရမည်ဟု ရန်ကုန်တိုင်း လူဝင်မှု/လူ့စွမ်းအားဝန်ကြီး ပြောကြား

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမှုဖွင့်ထားသည့် ဒေဗစ်လားအပါအဝင် လေးဦးမှာ ဆေးရုံမှ ဆင်းပါက Home Quarantine ခုနစ်ရက်နေရမည်ဖြစ်ပြီး အဆိုပါကာလအပြီးတွင် အမှုအား ဆက် လက်ရင်ဆိုင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူဝင်မူကြီးကြပ် ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်

“သူတို့ဆေးရုံကဆင်းရရင် Home Quarantine ခုနစ်ရက်နေရဦးမယ်။ ဆေးရုံက ဆင်း မဆင်းကတော့ သေချာမသိရသေးဘူး။ ဒီနေ့ထုတ်ပြန်ချက်ထဲမှာတော့ မပါဘူး“ဟု ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

ဒေးဗစ်လားအပါအဝင် သင်းအုပ်ဆရာ အမှုတော်ဆောင်နှင့် နဝရတ်တေးသံသွင်းမှ ဦးဝေထွန်းတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကာကွယ်ရေးဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး- ၂ ဦးမိုးဟိန်းကပြောကြားထားသည်။

Yangon CM says region economy run by over 30,000 MSME businessmen ...

“အဲဒါကို ဥပဒေအတိုင်းဆက်လက် ဆောင်ရွက်သွားမှာ။ ဥပဒေနဲ့အညီဆောင် ရွက်သွားမှာ။ ဆေးရုံဆင်းပြီဆိုရင် သူ့အိမ်သူ ပြန်ပါလိမ့်မယ်။ ပြီးရင်တော့ တရားဥပဒေကို ရင်ဆိုင်ဖြေရှင်းရပါမယ်။ သူတို့အိမ်ကို ပြန် ရောက်လို့ပြီးလို့ ဥပဒေကြောင်းအရ ဆောင် ရွက်တဲ့အခါ ဥပဒေနဲ့အညီဆောင်ရွက်သွား မှာပါ။ ဒါတွေကချက်ချင်း အချုပ်ကျတဲ့ အမှု ဖြစ်ခြင်း မဖြစ်ခြင်းထက် အခုလောလော ဆယ်မှာ ကျန်းမာရေးကိုဦးစားပေးရပါလိမ့်မယ်။

David Lah | Myanmar NOW

ဒါကြောင့်မို့လို့ ကျန်းမာရေးကောင်းပြီး ဆေးရုံကဆင်းတယ် ဆိုသော်ငြားလည်း သူ တို့ရဲ့ကျန်းမာရေးအရ အိမ်မှာစောင့်ကြပ် ကြည့်ရှုရမယ့်အခြေအနေမျိုးလည်း ရှိနိုင်ပါ သေးတယ်း ဥပဒေကြောင်းအရ သေချာစိစစ် ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

Three journalists arrested over coverage of Yangon chief ...

ရန်ကုန်တိုင်းအတွင်း COVID-19 ရောဂါထိန်းချုပ်ရေးနှင့်ပတ်သက်ပြီး ညွှန် ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့ သည့် သင်းအုပ်ဆရာအပါအဝင် လူလေးဦး အား အင်းစိန်မြို့မရဲစခန်းနှင့် မရမ်းကုန်း မြို့မရဲစခန်းတို့တွင် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရော ဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက ဧပြီ ၁၄ရက်တွင် ကြေညာထား သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင် ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ် စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အ ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

#Eleven_Media

Facebook Comments

Burmese Online News