ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး မြဝတီပြန်ပို့သည့် မြန်မာ ၁၁ ဦး အချုပ်ကားပေါ်မှ ထွက်ပြေး

ထိုင်းနိုင်ငံဥပဒေ ချိုးဖောက်လို့ ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံပြီး မြဝတီဘက် ပြန်ပို့စဉ် အချုပ်ကားပေါ်ကနေ မြန်မာလုပ်သား ၁၁ ဦး ထွက်ပြေးခဲ့ကြပြီး ၂ ဦး ပြန်ဖမ်းမိတယ်လို့ သိရပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံအတွင်း တရားဥပဒေ ချိုးဖောက်တာနဲ့ ပြည်တွင်းခိုးဝင် ပြစ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံပြီးသူတွေ ဖြစ်ပြီး မေ ၂ ရက်က မြဝတီလက်ခံရေးစခန်းကို ပြန်ပို့စဉ် အချုပ်ကားပေါ်မှ ၁၁ ဦး ခုန်ချထွက်ပြေးရာ ထိုင်းနယ်စပ်ရဲတပ်ဖွဲ့က ၂ ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာ-ထိုင်းနယ်စပ် မြဝတီနဲ့ တာခ့်ခရိုင် အပါအဝင် သောင်းရင်းမြစ်တလျှောက်က ဝေါ်မြိုင်တဖက်ကမ်း၊ ဆုံဆည်းမြိုင်တဖက်ကမ်းနဲ့ မော်လီချိုင်းတဖက်ကမ်း ထိုင်းဘက်မှာ လုံခြုံရေးတင်းကျပ်ထားပြီး သွားလာခွင့် ပိတ်ထားတာပါ။

မြ၀တီနယ်စပ် ကုန်သွယ်ရေးတွင် အလို ...

COVID-19 ကြောင့် မေလအတွင်း ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မြဝတီမြို့မှာ ပြန်လည်လက်ခံနေတာဖြစ်ပြီး မေ ၁ ရက်က အယောက် ၆၀၊ မေ ၂ ရက်က ၅၄ ဦး ဝင်ရောက်ခဲ့ပြီး ကျန်းမာရေးစစ်ဆေးတာနဲ့ ကျန်းမာရေးပညာပေးတွေ လုပ်ဆောင်ကာ ၂၁ ရက် စောင့်ကြည့်သွားမယ်လို့ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။

မြဝတီမြို့ - Wikiwand

မြန်မာနိုင်ငံ ပြန်ဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာသံရုံး ထောက်ခံချက်မပါဘဲ မေ ၂ ရက်နေ့က အိမ်စီးကားတွေကို ဈေးကြီးပေးပြီး ဘန်ကောက်ကနေ ခရိုင် ၇ ခုကို ကျော်ဖြတ်လာကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိတယ်လို့ ဘန်ကောက်က ပြန်လာတဲ့ အလုပ်သမားတဦးက ပြောပါတယ်။ထိုင်းနိုင်ငံမှာလည်း ခရီးသွားခွင့်နဲ့ ကျန်းမာရေးထောက်ခံချက် မပါတဲ့ အိမ်စီးကားတွေကို အရေးယူတာတွေ ရှိနေပါတယ်။

 

ဒီဗွီဘီ

Facebook Comments

Burmese Online News