ဒီနေ့ ညနေ ၅:၃၀ မှာ ဘုန်းဘုန်း ဆီက ဖုန်းခေါ်လာပါတယ် ဟိတ်ကောင် ငဦး မင်းငါ့ကို အိမ်သာ အလုံး ၁၀၀ လောက်လုပ်ပေး
ဒီနေ့ ညနေ ၅:၃၀ မှာ ဘုန်းဘုန်း ဆီက ဖုန်းခေါ်လာပါတယ် ဟိတ်ကောင် ငဦး မင်းငါ့ကို အိမ်သာ အလုံး ၁၀၀ လောက်လုပ်ပေး။
အခု စပြီးလုပ်ပေး၊ ပေါပေါပဲပဲ မလုပ်နဲ့ ကောင်းကောင်းမွန်မွန်လုပ်ပေး – ချက်ချင်းလုပ်ပေးတဲ့ကျွန်တော် ဘာပြန်ပြောရမှန်းမသိဖြစ်ရပါတယ်ကျသလောက်ငါပေးမယ်တဲ့ဘုန်းဘုန်း တစ်ခါမှ အဲ့ဒီ့လောက် မြန်မြန် မခိုင်းဖူးပါဘူး။ ဘာအတွက်လဲလို့မေးတော့မင်းတို့မြဝတီ ကို ငါ့သားသမီးတွေ လာရင် အိမ်သာ အတွက် ခက်ခဲ လိမ့်မယ်တဲ့ အခုချက်ချင်းလုပ် ပြီးရင် အမြန်သွားလှူတဲ့
ကျွန်တော် ဘာပြန်ပြောရ မှန်းမသိ ပါဘူးမျက်ရေ ကျပြီး ခဏငြိမ် မိသွားပါတယ်။
နောက် နာရီဝက်လောက်ကြာတော့ …ဖုန်းထပ်ခေါ်ပြီး ဟိတ်ကောင် စနေပြီလားလို့မေးလာပြန်တယ် | သံပိုက်တွေ ကို ဟိုနေရာမှာ ဟိုဟာလုပ် ဒီနေရာမှာ ဒီဟာလုပ် ဆိုပြီး ဘေးမှာ လာထိုင်ပြီးကြည့်နေသလိုမျိုး ဆက်တိုက်ပြော နေတာ ကျွန်တော်တောင်တော်တော်ကြောက်လာပါတယ်။မေတ္တာတန်ခိုးက ကြောက်ဖို့ကောင်းပါတယ်။ကျွန်တော်သိတာ တစ်ခုတော့ ရှိ့တယ်၊ဘုန်းဘုန်း မြဝတီ မှာရှိ့တဲ့ ကျွန်တော့် ဘေးနားကို ရောက်နေတယ်လို့ ခံစားရပါတယ်။ကျွန်တော်သိနေတယ် ဘုန်းဘုန်း သူ့သားသမီးတွေ အတွက် ကျွန်တော့်ဘေး ကိုရောက်လာတယ်ဆိုတာပါ။
ဘုန်းဘုန်းရယ် သားသမီးတွေကို တော်တော်ချစ်တာပဲနော်………….
From Tin Myintoo’s FB