တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်တွင် လဲကျခဲ့သော အမျိုးသမီးမှာ ဟန်ဆောင်ခြင်းသာဖြစ်ပြီး လေးကြိမ်ထက်မနည်း ရှိပြီဖြစ်ကြောင်း စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ပြောကြား

တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက်တွင် လဲကျခဲ့သော အမျိုးသမီးမှာ ဟန်ဆောင်ခြင်းသာဖြစ်ပြီး လေးကြိမ်ထက်မနည်းရှိပြီ ဖြစ်ကြောင်း စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

တောင်ကြီးမြို့ လမ်းမတော်ရပ်ကွက် တက်ခေတ်လမ်း အထက-၃ ကျောင်း ရေမြောင်း ထရန်စဖော်မာ လမ်းဆုံတွင် မေ ၃ ရက် ညနေ ၃ နာရီခွဲအချိန်က အမျိုးသမီးတစ်ဦး မေ့လဲသဖြင့် ကျန်းမာရေးအဖွဲ့များက ကူညီ၍ စပ်စံထွန်းဆေးရုံတင်ပို့ခဲ့ပြီး စေတနာ့ဝန်ထမ်းများက အဆိုပါလမ်းတွင် ပိုးသတ်ဆေးဖျန်းခဲ့ကြောင်း သိရသည်။

တောင်ကြီးမှ ကျောင်းဆရာမတစ်ဦး ရေကန် ...

အဆိုပါ အမျိုးသမီးသည် မေ့လဲဟန်ဆောင်ခြင်းဖြစ်ကာ ထိုသို့အမြဲတမ်း ပြုလုပ်လေ့ရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မန္တလေး မှ ပြန်လည် လွတ်မြောက်လာသူ တစ်ဦးဖြစ်ပြီး တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

Sulamuni Pagoda (Taunggyi) - 2020 All You Need to Know BEFORE You ...

“မူးလဲတဲ့ ဖြစ်စဉ်ကိုကြည့်ပြီး ပြည်သူက သနားတယ်ကွာ။ ပိုက်ဆံရမယ်။ ဒီသဘောလည်း နေမယ်။ ဆွေမျိုးသားချင်းတွေထံမှာလည်း ကောင်းကောင်းမနေဘူး။ အဓိက ရည်ရွယ်ချက်က ဆိုးတာပေါ့ကွာ။ ၃၈၆ ခိုးမှုနဲ့လည်း ကျထားတယ်။ ငယ်ငယ်တုန်းက မိဘမဲ့ကျောင်းမှာ ကြီးပြင်းခဲ့တာ။ ဘယ်နားနေမှန်း မသိဘူး။ အရင်က စိန်ပန်းမှာနေတာ၊ ပျောက်သွားတာ၊ ထောင်က လွတ်ငြိမ်းနဲ့ လွတ်လာတာလည်း မှန်တယ်။ တကယ်တမ်းပြောရင် စိန်ပန်းရပ်ကွက်မှာ သောင်တင်နေတာပေါ့ကွာ။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကလည်း ငါတို့ စိန်ပန်းရုံးမှာ ဒီလိုဖြစ်စဉ်ဖြစ်တယ်။ ကံသာရပ်ကွက်မှာလည်း ဖြစ်တယ်။ မိတ္ထီလာမှာလည်း ဖြစ်တယ်။ လမ်းမတော်မှာလည်း ဖြစ်တယ်။ မိတ္ထီလာကနေ ဒီကိုပြန်ပို့ပေးလိုက်တာပေါ့။ ငွေလွယ်တာလား၊ ဘာလားပေါ့။ COVID-19 ကလည်းဖြစ်နေတော့ အထိတ်အလန့် ဖြစ်တယ်လေ။ သနားလို့ ပြည်သူက ပိုက်ဆံပေး။ အဲဒီလိုလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လေ။ အဲဒီလို သုံးသပ်တာပေါ့။ ကယောင်ချောက်ချားတော့ မပြောဘူး။ အောင်ပန်းသွားနေမယ် ပြောတယ်။ အောင်ပန်းပြောလိုက်၊ ရွှေညောင်ပြောလိုက်နဲ့ တောင်ကြီးမှာနေရင် ဖြစ်နေဦးမှာပဲ”ဟု စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

EMG

Facebook Comments

Burmese Online News