ရေမဆေးကျောက်ရှာဖွေသူများ နှာခေါင်းစည်းတပ်ရန် ကျောက်မျက်အသင်းချုပ် ဒုဥက္ကဋ္ဌ တိုက်တွန်း

ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်နိုင်ဖို့အတွက် ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေအနေနဲ့ နှာခေါင်းစည်း (Mask) တပ်ပြီး ရှာဖွေဖို့ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းချုပ် ဒု-ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။နိုင်ငံတော်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် လူစုလူဝေး ဖြစ်စေတဲ့ ဘာသာရေးပွဲ၊ အစည်းဝေးတွေ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို ပိတ်ပင်တာမြစ်ခဲ့ပြီး ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးကျောက်ရှာဖွေ ၂ သိန်းနီးပါးနဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီလုပ်သားပေါင်း ၈ သောင်း ရှိတယ်လို့ သက်ဆိုင်ရာတွေနဲ့ ကုမ္ပဏီ လုပ်ငန်းရှင်တွေက သိရပါတယ်။ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် ကိုရိုနာရောဂါ ကူးစက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။

Scavengers find 330kg jade slab in Hpakant | The Myanmar Times

တူးဖော်ရေး ကုမ္ပဏီတွေက ကုမ္ပဏီတခုချင်းအလိုက် အသွားအလာကန့်သတ်မှု (Lock Down) ချထားပေမယ့် ရေမဆေးကျောက်ရှာဖွေရတဲ့ ရေမဆေးတွေဟာ လူစုလူဝေးထဲမှာ ရေမဆေးကျောက်ရှာရတဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ရောဂါကူးစက်မှု မရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တွေ တပ်ပြီး ရှာဖွေကြဖို့ မြန်မာနိုင်ငံ ကျောပျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်သူရက တိုက်တွန်းခဲ့တာပါ။

ဒီဗွီဘီ

Facebook Comments

Burmese Online News