အင်းစိန်က တအိမ်တည်းနေ ပိုးတွေ့လူနာ ၄ ဦးနှင့် ထိတွေ့ခဲ့သူ ၉ ဦး ရောဂါပိုးမတွေ့

မေလ ၁ ရက်နေ့က ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အင်းစိန်မြို့နယ် တအိမ်တည်းနေ ပိုးတွေ့လူနာအမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ တို့နဲ့ ထိတွေ့ခဲ့သူ ၉ ယောက်မှာ ရောဂါပိုးမတွေ့ရကြောင်း အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်က ဒီဗွီဘီကို ပြောပါတယ်။

ပိုးတွေ့လူနာအမှတ် ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၄ စတဲ့ ၄ ယောက်ဟာ နောက်ထပ် ၃ ယောက်နဲ့အတူ အင်းစိန်မြို့နယ် ခဝဲခြံ ၂ လမ်းမှာ စုနေတာဖြစ်ပြီး သူတို့နဲ့ထိတွေ့ခဲ့တဲ့ တအိမ်တည်းနေ ၃ ယောက်အပြင် လူနာအမှတ် ၁၅၂၊ ၁၅၃၊ ၁၅၄ တို့ အလုပ်လုပ်ရာ Kwekabaw ဆေးရုံက ကျန်းမာရေးဝန်ထမ်း ၆ ယောက်ကိုလည်း ဓာတ်ခွဲနမူနာစစ်ဆေးရာမှာ ရောဂါမတွေ့ရှိခဲ့ပါဘူး။

Kwekabaw Hospital, Yangon (+95 1 641 086)

ဆေးရုံမှာရှိတဲ့ ဆရာဝန်၊ ဆရာမ၊ သူနာပြု၊ လူနာတွေနဲ့ လူနာစောင့်တွေ စုစုပေါင်း ၁၁၅ ယောက်ရှိတဲ့ Kwekabaw ဆေးရုံကို မနေ့ညကစပြီး လော့ဒေါင်းချထားပြီး အားလုံးကို ဆေးစစ်ဖို့ ပြင်ဆင်နေကြောင်း ဦးဝေဖြိုးဟန်က ပြောပါတယ်။

Yangon private hospital locked down after three nurses infected ...

လော့ဒေါင်း ချထားတဲ့ Kwekabaw ဆေးရုံကိုတော့ အင်းစိန်လွှတ်တော်ကိုယ်စားလှယ်တွေ၊ အင်းစိန်ဌာနဆိုင်ရာတွေ ဦးဆောင်ပြီး Super_Sunday လူမှုကူညီရေးအသင်းနဲ့ မြို့နယ် ကြက်ခြေနီအဖွဲ့ တွေပူးပေါင်းပြီး ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ဆောင်ထားပါတယ်။

#ဒီဗွီဘီ

Facebook Comments

Burmese Online News