အသိပေးကြေငြာခြင်း!!! ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်များတွင် (၂) ရက်ဆက်တိုက် အချိန်ပိုင်း မီးပျက်မည်

ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ ရပ်ကွက်အချို့တွင် မေလ ၅ ရက်နှင့် မေလ ၇ ရက်တို့တွင် အချိန်ပိုင်း မီးပျက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးကြေညာသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆) ကေဗွီ ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံများ ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ၊ ရေရှည် ဓာတ်အား တည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်း လုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်း စေရေးအတွက် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို အဆိုပါ ရက်များတွင် နံနက် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီ အချိန်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းသို့ လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း/ တောင်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေပေါက္ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ စမ်းချောင်း၊ လမ်းမတော်၊ ကမာရွတ်၊ လှိုင်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြီးခနောင်တို၊ ကျိုက်ထော်၊ တွံတေး၊ အေးရွာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဥက္ကံ၊ တိုက်ကြီး၊ အဖျောက်၊ ဒလ၊ လက်ခုပ်ကုန်း မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါ ရက်များ၌ အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှု အနည်းငယ် ရှိနိုင်ကြောင်း အသိပေးကြေညာထားသည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်သဖြင့် ယာယီဓာတ်အားပြတ်တောက် ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာ နိုင်မှုများအပေါ် နားလည် ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းက အများပြည်သူများထံ အသိပေးပန်ကြားထားသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

Facebook Comments

Burmese Online News