တပ်မတော်သား ၁ ဦးအပါအဝင် COVID-19 လူနာသစ် ၆ ဦးထပ်တွေ့၊ နိုင်ငံတဝန်း အတည်ပြုလူနာ ၁၆၁ ဦးအထိရှိလာ

တပ်မတော်သား ၁ ဦးအပါအဝင် COVID-19 ရောဂါအတည်ပြုလူနာသစ် ၆ ဦး ထပ်မံစစ်ဆေးတွေ့ရှိရပြီး နိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၁၆၁ ဦးရှိသွားပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။

အဆိုပါလူနာသစ် ၆ ဦးကတော့ နေပြည်တော် ဇေယျာသီရိမြို့နယ်က အသက် ၃၃ နှစ်အရွယ် အမျိုးသား ၁ ဦး၊ ရန်ကုန် အင်းစိန်မြို့နယ်က အသက် ၂၃ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၆၂ နှစ် အရွယ်အမျိုးသား ၁ ဦး၊ မြောက်ဒဂုံမြို့နယ်က အသက် အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ၁ ဦးနဲ့ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ မရမ်းကုန်းမြို့နယ်က အသက် ၂၀ အရွယ်အမျိုးသမီး ၁ ဦးတို့ ပါဝင်ပါတယ်။

No photo description available.

နေပြည်တော်တိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည် တစ်ဦးမှာ COVID-19 ရောဂါပိုးတွေ့တဲ့အကြောင်းနဲ့ အဆိုပါ စစ်သည်ဟာ ဖျားနာ၊ လည်ချောင်းနာ၊ ဝမ်းပျက်ဝမ်းလျှောရောဂါတွေခံစားနေရလို့ နယ်မြေခံတပ်မတော်ဆေးရုံမှာ သီးခြားစောင့်ကြည့် ထားသူဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

No photo description available.

ဒီကနေ့ညနေပိုင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဓာတ်ခွဲနမူနာ ၁၅၂ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၁၉ ခု၊ စုစုပေါင်း ၂၇၁ ခုမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၅ ဦးတွေ့ရပြီး နေပြည်တော် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) ဓာတ်ခွဲဌာနမှ ၁ ဦး စုစုပေါင်း လူနာသစ် ၆ ဦးတွေ့ရှိခဲ့တာပါ။ဧပြီ ၄ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း ၁၆၁ ဦး၊ သေဆုံးသူ ၆ ဦးနဲ့ ပိုးမတွေ့ရှိတဲ့သူပေါင်း ၄၉ ဦး ရှိပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

MOHS

Facebook Comments

Burmese Online News