KNU ငြိမ်းချမ်းရေးကောင်စီဥက္ကဌ ကွယ်လွန်တဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ် ၀မ်းနည်းကြောင်းသ၀ဏ်လွှာပို့

မြန်မာ အစိုးရရဲ့ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး စာချုပ် NCA မှာ လက်မှတ်ထိုးထားတဲ့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီရဲ့ ဥက္ကဌ ဖြစ်သူ ဗိုလ်ချုပ်ကြီး စောဌေးမောင်ဟာ မေလ(၃)ရက် တနင်္ဂနွေနေ့ ညနေပိုင်း (၆)နာရီ မိနစ်(၂၀)မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။ကွယ်လွန်ချိန်မှာ အသက်(၉၃)နှစ်ရှိပါပြီ။

Image may contain: text

ဗိုလ်ချုပ်ကြီး စောဌေးမောင် ကွယ်လွန်ခြင်းဟာ ခေါင်းဆောင်တဦး ၊ ရဲဘော် ရဲဘက်တဦး ၊ မိသားစုဝင်တဦးအဖြစ် ဆုံးရှုံးခဲ့ရသူတွေနဲ့ ထပ်တူ လွန်စွာ ဝမ်းနည်းမိကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းနည်းကြောင်း သဝဏ်လွှာကို မေလ(၄)ရက် တနင်္လာနေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

Aung San Suu Kyi: Myanmar democracy icon who fell from grace - BBC ...

သူ ကွယ်လွန်သွားပေမယ့်လည်း ငြိမ်းချမ်းရေးကောင်စီ KNU/KNLA အနေနဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောဌေးမောင် မျှော်မှန်းခဲ့တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ခရီးလမ်းကို အစိုးရနဲ့အတူ ဆက်ပြီး လက်တွဲဆောင်ရွက်ကြလိမ့်မယ်လို့ အခိုင်အမာ ယုံကြည်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။

V.F. Portrait: Burma's Political Heroine Aung San Suu Kyi | Vanity ...

ဧရာဝတီတိုင်း သာပေါင်းမြို့ ပေါက်ကျော်ရွာသားတဦးဖြစ်ပြီး ခရစ်ယာန် ဘာသာဝင် တဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စောဌေးမောင်ကို ဗိုလ်ထိန်မောင်လို့ လူသိများခဲ့တာပါ။ သူဟာ ၁၉၄၉ ခုနှစ်ကစလို့ ကရင့်တော်လှန်ရေးမှာ ပါဝင်လာသူဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ KNU ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြနဲ့လည်း မယားညီအစ်ကို တော်စပ်သူ ဖြစ်သလို စစ်တိုက်ကောင်းသူအဖြစ်လည်း ထင်ရှားပါတယ်။

တချိန်က KNU တပ်မဟာ (၇)ရဲ့ တပ်မှူးအဖြစ် ဗိုလ်မှူးချုပ် အဆင့်နဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ထိန်မောင်ဟာ ၂၀၀၆ ဝန်းကျင်မှာ KNU က နေ ငြိမ်းချမ်းရေးကောင်စီအဖြစ် ခွဲထွက်ခဲ့ပြီး ယခင် နဝတ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးအတွက် စေ့စပ်ခဲ့ပါတယ်။ ၂၀၁၅ မှာတော့ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အနေနဲ့ NCA အပစ်ခတ်ရပ်စာချုပ် မှာ လက်မှတ်ထိုးခဲ့ပါတယ်။

ဗွီအိုအေ

Facebook Comments

Burmese Online News