မကွေးတိုင်းတွင် ယခုနှစ်နွေရာသီ မီးလောင်မှု ၈၃ ကြိမ်ဖြစ်ပွား၊ ကျပ်သိန်း ၁၀၀၀ ကျော်ဖိုးဆုံးရှုံ

မကွေးတိုင်းဒေသကြီးအတွင်း အခုနှစ်နွေရာသီမှာ မီးလောင်မှု ၈၃ ကြိမ်ဖြစ်ပွားပြီး ကျပ်သိန်းပေါင်း ၁၀၀၀ ကျော်ဖိုးခန့် ဆုံးရှုံးခဲ့တယ်လို့ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်း မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဝင်းစိန်က “အဓိက ကျေးရွာတွေမှာ အဖြစ်များတာ၊ ရေနံမှော်တွေမှာတော့ ၁၅ ကြိမ်ခန့် လောင်ကျွမ်းခဲ့လို့ အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။ တစ်နှစ်ထက်တစ်နှစ် လူဦးရေ များပြားလာပြီး နေအိမ်အဆောက်အုံတွေကလည်း ပိုမိုးများပြားလာတဲ့အတွက်ကြောင့် မီးလောင်မှုကလည်း ပိုမိုများပြားလာပါတယ်။ ပွင့်လင်းရာသီ စစချင်းမှာ ပြည်သူတွေကို မီးဘေးအသိပညာပေးလုပ်ငန်းတွေနဲ့ လှည့်လည်ကြော်ငြာတာတွေ နေစဉ်လုပ်နေပါတယ်။ အထူးသဖြင့် စက်ရုံ၊ အလုပ်ရုံ၊ ဈေး၊ ဟိုတယ်၊ မိုတယ်၊ စက်သုံးဆီဆိုင်၊ ဆီဘောက်ဆာတွေအပြင် KTV မှာလည်း မီးလောင်ပြီး အသက်အများကြီးဆုံရှုံးခဲ့ လို့ စည်းကမ်းလိုက်နာမှုရှိမရှိ၊ စစ်ဆေးပါတယ်”လို့ ပြောပါတယ်။

မကွေးမြို့တွင် အသံထက်မြန်သည့် ...

မကွေးတိုင်းဒေသကြီးအတွင်းမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ မီးလောင်မှု ၁၅၀ ကျော်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၁၅၀၀ ကျော် ဆုံးရှုံးခဲ့ကာ ၂၀၁၉ ခုနှစ်မှာတော့ မီးလောင်မှု ၂၄၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၂၀၀၀ ကျော်ဖိုးဆုံးရှုံး ခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

#ဒီဗွီဘီ

Facebook Comments

Burmese Online News