တရားဟောဆရာဒေးဗစ်လား ၏ ဘာသာရေးပွဲအတွင်းထမင်းချက်လုပ်ခဲ့သော ကိုဗစ်အတည်ပြုလူနာ ဇနီးမောင်နှံတို့၏ သမီးနှစ်ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မေလ ၄ ရက်ည ထုတ်ပြန်၌ ကိုဗစ်-၁၉ရောဂါပိုး အတည် ပြုလူနာများထဲတွင် ပါဝင်ခဲ့သော ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မှ Case 158 နှင့် Case 159 တို့သည် တရား ဟောဆရာ ဒေးဗစ်လာ၏ အင်းစိန်ဘာသာရေးပွဲအတွင်းထမင်းချက်လုပ်ခဲ့သော ကိုဗစ်အ တည်ပြုလူနာ Case 101 နှင့် Case 107ဇနီးမောင်နှံတို့၏ သမီးနှစ်ဦး ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ထွန်းနိုင် ကပြောသည်။

pastor david lah Archives | My Christian Daily

” ပထမဆုံး သူတို့မိသားစုကို ပိုးတွေ့သူတွေနဲ့ ဆက်စပ်ရှိတယ်လို့ သိရတဲ့အချိန်မှာ ဆက်သွယ် လိုက်တယ်။ သူတို့အိမ်ကို ပိုးသတ်ဆေးဖြန်းမယ် ဘာညာလုပ်မယ်ဆိုတော့ အိမ်က တံခါး ပိတ်ထား တယ်လေ။ အဲ့တော့ ကျွန်တော်တို့ ဆက်သွယ်တော့သူ့သမီးတစ်ယောက်နဲ့ အဆက်အသွယ်ရတယ်။ သူတို့ အဲ့အထဲမှာပဲ Quarantine ၀င်နေတယ်လို့ ပြောတယ်။ အဲ့မှာ အမေနဲ့ အမေ ပထမတွေ့ တာပေါ့နော်။ သမီးနှစ်ယောက်ကို အခုမှ တွေ့တာဖြစ်ပါတယ်” ဟု ယင်းကပြောသည်။

Myanmar pastors face lawsuits for defying Covid-19 ban - UCA News

ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာကွင်းဆက် အများစွာတွေ့ရှိခဲ့ရသော တရားဟောဆရာ ဒေးဗစ်လာ၏ အင်းစိန် ဘာသာရေးပွဲ အခမ်းအနား၌ ထိတွေ့ ဆက်စပ်ခဲ့သူ Case 101 နှင့် Case 107 ဇနီးမောင်နှံနှစ်ဦးတို့ သည် ဧပြီလ ၁၉ရက်ထုတ်ပြန်ချက်တွင်အတည်ပြု လူနာများအဖြစ် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့် ...

၎င်းတို့၏ သမီးနှစ်ဦးမှာလည်း မိဘများရောဂါပိုးစစ်ဆေးတွေ့ရှိမှုမရှိခင်ကတည်းကပင် တစ်မိသားစုလုံး အသွား အလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်း ( Quarentine )၀င်နေသူများဖြစ်သောကြောင့် ဘာသာ ရေးအခမ်းအနားကွင်းဆက်မှလွဲ၍ အခြားအပြင်ဘက်ထိတွေ့ဆက်စပ်မှုရှိနိုင်မည်မဟုတ်ကြောင်း ဦးတင်ထွန်းနိုင်က သုံးသပ်ပြသည်။

ပြည်မြန်မာ

Facebook Comments

Burmese Online News