လူနာအမှတ် (၁၆၁) နှင့် ဒလကျူးကျော်ရပ်ကွက်တွင် အတူနေသူ (၂)ဦးကို ပိုက်စိပ်တိုက်ရှာဖွေနေ

ယမန်နေ့ကထုတ်ပြန်ခဲ့သော COVID-19 အတည်ပြုလူနာအမှတ်-၁၆၁ သည် အင်းစိန်မြို့နယ်တွင်နေထိုင်သူ မဟုတ်ဘဲ ဒလမြို့နယ်ရှိ ကျူးကျော်ရပ်ကွက်တစ်ခုတွင် နေထိုင်သူဖြစ်ခြင်းကြောင့် အဆိုပါအတည်ပြုလူနာနှင့်အတူ နေထိုင်သူ ၂ ဦးကို ပိုက်စိပ်တိုက်ရှာနေကြောင်း ဒလမြို့နယ် အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ပြောသည်။ “သူပြောတာကတော့ သူနဲ့အတူနေထိုင်သူ ၂ ဦးရှိတယ်။ လူနာက သူများအိမ်မှာ ကပ်နေရတာ။ အိမ်ရှင်သားအဖ ဆိုတဲ့လူနှစ်ဦးကို ပိုက်စိပ်တိုက် လိုက်ရှာနေတယ်” ဟု ဦးထွန်းရင်က ပြောသည်။ လက်ရှိအချိန်တွင် အတည်ပြုလူနာပြောကြားသည့် နေရပ်လိပ်စာ ဒလမြို့နယ်၊ ရာဇသင်္ကြန်ရပ်ကွက်ရှိ နေအိမ်ကို သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် သတင်းထောက်လှမ်းရေးအဖွဲ့များက လိုက်လံရှာဖွေနေကြောင်း သိရသည်။

Image may contain: one or more people, sky, cloud, tree and outdoor

“ခက်တာက ကျွန်တော်တို့မြို့နယ်မှာက မြို့ပတ်လမ်းလည်းမရှိဘူး။ ချောင်းပတ်လမ်းပဲရှိတယ်။ အဲ့ဒီနေရာတွေကို တော့ပိုက်စိပ်တိုက်ရှာနေတယ်။ တကယ်လို့တွေ့ခဲ့ရင်တော့ သူတို့နဲ့ထိတွေ့ခဲ့တဲ့သူတွေအကုန်လုံးကို Quarantine ထားပြီး ဆေးစစ်ချက်ယူရမှာပေါ့” ဟု ဦးထွန်းရင်က ဆိုသည်။ “ကျွန်တော်တို့လည်း အင်းစိန်မြို့နယ်တွင် နေထိုင်သူမဟုတ်ဘဲ ဒလမြို့နယ်ရှိကျူးကျော်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း မနေ့က ည ၁၁ နာရီခွဲနောက်ပိုင်းက သိရတာ။ သူညီမတွေ၊ အမျိုးတွေက ဒလဘက်မှာရှိတယ် ဆိုတော့ ရဲတပ်ဖွဲ့ချင်းချိတ်ဆက်ပြီး လုပ်ဆောင်မှာပေါ့ဗျာ” ဟု အင်းစိန်မြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသာအောင်က ဆိုသည်။

တံတားစီမံကိန်းကြောင့် မနှစ်ကဈေး ...

COVID-19 အတည်ပြုလူနာအမှတ်-၁၆၁ သည် အသက် ၆၂ နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မြို့ရှိ ဆေးရုံတစ်ခု၌ သံသယလူနာအဖြစ် တက်ရောက်ကုသနေသူတစ်ဦးဖြစ်ပြီး တက်ရောက်ကုသစဉ်ဆေးစစ်ရာ Negative အဖြေသာထွက်ရှိပြီး Quarantine Center သို့ပို့ဆောင်၍စောင့်ကြည့်လျှက်ရှိကာ Quarantine သတ် မှတ်ရက်ပြည့်ရန်နီးကပ်ချိန်တွင် ကျန်းမာရေးပြန်လည်စစ်ဆေးရာ ရောဂါပိုးတွေ့ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဦးသာအောင်ထံမှ သိရသည်။ ၎င်းသည် လွန်ခဲ့သော နှစ် ၂၀ ခန့်က အင်းစိန်မြို့နယ်တွင် နေထိုင်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိတွင် အင်းစိန်မြို့နယ်တွင်းနေထိုင်ခြင်းမရှိ တော့ဘဲ ပြောင်းရွှေ့သွားသူဖြစ်ကြောင်း ဦးသာအောင်ကဆိုသည်။  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အဆိုပါ လူနာသည် ခရီးသွားရာဇဝင်လည်း မရှိသလို Coivd-19လူနာနှင့် ထိတွေ့မှု့ရှိ၊မရှိကိုပါ စစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။

#Blacker

Facebook Comments

Burmese Online News