စင်ကာပူတွင် COVID-19 ပိုးတွေ့လူနာသစ် ၆၃၂ ဦး ထပ်တိုး 😔😔😔

စင်ကာပူနိုင်ငံမှာ ဒီကနေ့ နေ့လယ်ပိုင်းအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ် ၆၃၂ ယောက် ရှိလာပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၁၉၄၁၀ ယောက် ရှိလာခဲ့ပြီ လို့ စီအန်အေ သတင်းမှာ ဖော်ပြပါတယ်။ အခုအသစ်တွေ့ရှိရသူတွေကတော့ နိုင်ငံတွင်း တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပါမစ်နဲ့ နိုင်ငံခြားသား အလုပ်သမားဆောင်မှာ နေထိုင်သူတွေအများစု ပါဝင်တယ်လို့ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

Virus update: Singapore sees local transmissions

အဲဒီထဲက ၉ ယောက်ကတော့ စင်ကာပူနိုင်ငံသားတွေနဲ့ နိုင်ငံသားအဖြစ် နေထိုင်ခွင့်ရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ “ဝန်ကြီးဌာနအနေနဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေနဲ့ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိရတာတွေကို ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အနေနဲ့ အခုညမှာ ထုတ်ပြန်ပေးသွားမှာ ဖြစ်ပါတယ်” လတ်တလော COVID-19 ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု အခြေအနေနဲ့ ပတ်သက်ပြီး စင် ကာပူအစိုးရက လွှတ်တော်ထဲမှာ မနေ့က ဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကူးစက်ပျံ့နှံ့မှုလမ်းကြောင်းနဲ့ ထိန်းချုပ်နိုင်မယ့် အချက်တွေကို ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။

Singapore Seemed to Have Coronavirus Under Control, Until Cases ...

လက်ရှိမှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ COVID-19 ဗိုင်းရပ်စ် စစ်ဆေးနိုင်မှုနဲ့ ပတ်သက်ပြီး ရှာဖွေနေပြီး အစိုးရအနေနဲ့ ပိုမိုပြီး အရည်အသွေးမြှင့်တင်ကာ ကူးစက်နိုင်မှုကို လျော့ချနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေဟာ တကမ္ဘာလုံးမှာ ၃ ဒသမ ၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ကာ သေဆုံးသူဦးရေ ၂ သိန်းခွဲနဲ့ ပြန်လည်သက်သာပျောက်ကင်းလာသူ ၁ ဒသမ ၂ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။ စင်ကာပူနိုင်ငံကတော့ လတ်တလောအချိန်ထိ ကူးစက်ခံရသူ ၁၉၀၀၀ ကျော်နဲ့ အာဆီယံနိုင်ငံတွေထဲမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

#DVB

Facebook Comments

Burmese Online News