ကုက္ကိုင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှာ အခြေခံစားသောက်ကုန်တွေသွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ
ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင် ခန့်စည်သူကတော့ အလှူရေစက်လက်နဲ့မကွာဆိုသလို လှူဒါန်းမှုတွေပြုလုပ်လေ့ရှိတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။ ခန့်စည်သူကတော့ အလှူအတန်းနဲ့ ပတ်သက်လာရင်လက်မနှေးတတ်တဲ့ သူပီပီ ရိုက်ကူးရေးတွေနဲ့ ရောက်ရှိတဲ့ အရပ်ဒေသတွေမှာလည်း လိုအပ်တာတွေလှူဒါန်းပေးလေ့ရှိတဲ့ အထိကို သဒ္ဓါတရားထက်သန်လှတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။
လတ်တလောမှာလည်း ခန့်စည်သူက သူ့ရဲ့ မွေးနေ့ရက်ဖြစ်တဲ့ ကြာသပတေးနေ့တိုင်း ဆွမ်းချိုင့် ပို့နေကျဖြစ်တဲ့ တေဇိန္ဒာရာမ ပရိယတ္တိစာသင်တိုက် နှင့် ကျောင်းတိုက်ဝင်းအတွင်းဖွင့်လှစ်ထားသော ကုက္ကိုင်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ဆန်(၁၀) အိတ်၊ဆီ(၁၀)ပိဿာ၊ပဲ(၁၀)ပိဿာ၊ငါးပိကြော် အထုပ်(၁၀၀)၊ဆပ်ပြာမှုန့်ထုပ်များ၊ဗလာစာအုပ်များ၊ခေါက်ဆွဲခြောက်ထုပ်များ၊မုန့်များနှင့် ကလေးများအတွက် အလှူငွေတွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒါ့တွေအပြင် ပရဟိတဂေဟာမှ လူငယ်လေးများအတွက် စိတ်ဓာတ်ခွန်အားပေးတဲ့ အားပေးစကားများပြောကြားခဲ့ပါတယ်။
ခန့်စည်သူကတော့ သူနဲ့ အတူပါဝင်လှူဒါန်းပေးတဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ကျေးဇူးတင်စကားဆိုထားရင်း ဤမွန်မြတ်သော ကောင်းမှုတို့ကြောင့် သစ္စာစောင့်ထိန်း သီလကိန်း၍၊မေတ္တာပွားများ၊ခန္တီထားလျှက် ကုသိုလ်တရား ပွားများနိုင်ကြပါစေ လို့လည်း အလှူရဲ့ အဖို့ဘာဂကို (၇)ရက်သားသမီး တွေ သာဓုခေါ်ဆိုလို့ရအောင်မျှဝေထားပါသေးတယ် ပရိသတ်ကြီးရေ
#Celegabar