WFP တံဆိပ်ပါ စားနပ်ရိက္ခာအချို့ကို ARSA အကြမ်းဖက်အဖွဲ့ထံမှ တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိ

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)တံဆိပ်ပါ စားနပ်ရိက္ခာများနှင့်ပစ္စည်းအချို့ကို ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့၏ တပ်ဖွဲ့ဝင်အချို့ထံမှ တပ်မတော်စစ်ကြောင်းက သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။

နယ်စပ်ခြံစည်းရိုး လုံခြုံရေးအတွက် ကင်းလှည့်နေသော တပ်မတော်စစ်ကြောင်းတစ်ခုက မေလ(၆)ရက် နံနက်ပိုင်း၌ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် BP-40 နှင့် BP-41 ကြား မောင်တောမြို့ နယ် ခမောင်းဆိပ်ကျေးရွာ အနောက်ဘက်မီတာ ၃၀၀၀ ခန့် တွင် အဆိုပါပစ္စည်းများကို တွေ့ ရှိခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ တပ်မတော်က သိမ်းဆည်းရမိခဲ့သော ပစ္စည်းများမှာ WFP တံဆိပ်ပါ ပဲနီးလေး(၄၈)ထုပ်၊ ဆီ(၂)လီတာဆန့် (၁၀)ဗူး၊ (၃)လီတာဆန့်(၁၂)ဗူး၊ (၃)ပိဿာခန့် ရှိသော ဆားနှစ်အိတ်၊ နနွင်းမှုန့် (၅၅)ထုပ်၊ တစ်ထုပ်လျှင်(၂)ပိဿာခန့် ရှိသော အရောင်တင်မှုန့်(၁၉)ထုပ်၊ ခြင်ဆေးခွေ(၁၈၂)ဗူးတို့ ဖြစ်ပြီး အဆိုပါပစ္စည်းများကို မိုးကာအမည်များဖြင့် အုပ်မိုးထားသော ချုံပုတ်တစ်ခုအတွင်းထဲမှနေ၍ တွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ယင်းဖြစ်စဉ်မတိုင်မီ မေလ(၂)ရက်က အဆိုပါ BP-41 အနီးတွင် ကင်းလှည့်ခဲ့သော ရဲတပ်ဖွဲ့ဝင်များကို ARSA အကြမ်းဖက်အဖွဲ့က ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှနေ၍ ချောင်းမြောင်းပစ်ခတ်မှု လုပ်ခဲ့ကြောင်း၊ ယင်းဖြစ်စဉ်အတွင်း ရဲတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဖူးကြောင်းလည်း သိရသည်။

အကြမ်းဖက်

ARSA အဖွဲ့နှင့် (အေအေ)အဖွဲ့တို့ သည် စစ်ဘေးရှောင်စခန်းများဆီသို့ လူမှုကူညီရေးအသင်းအဖွဲ့မျိုးစုံက ပေးအပ်လှူဒါန်းသည့်ပစ္စည်းများကို နည်းအမျိုးမျိုးဖြင့် ရယူသုံးစွဲနေခြင်းဖြစ်ကြောင်းလည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေလ(၆)ရက်တွင် သတင်းထုတ်ပြန်သည်။

အကုန်သိ

Facebook Comments

Burmese Online News