မေလအတွက် အိမ်သုံးမီတာ ၇၅ ယူနစ်အထိ ကင်းလွတ်ခွင့်ပြုမည်

ကိုဗစ်-19 ထိန်းချုပ်ရေးကာလ မေ ၁၅ ထိတိုးမြှင့်လိုက်ခြင်းကြောင့် မေလအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှုကို ၇၅ ယူနစ်အထိ ကင်းလွတ်ခွင့်ပြုမည်

COVID-19 ရောဂါကာကွယ် ထိန်းချုပ်ရေးတိုးမြှင့်ခဲ့သည့် မေလ(၁)ရက်မှ (၁၅)ရက်အထိ ကာလ အတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ (သံရုံးများ ၊ ကုလသမဂ္ဂ နှင့် နိုင်ငံတကာအဖွဲ့ အစည်းများမပါ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု (၇၅)ယူနစ် အထိကို ငွေကြေး ကောက်ခံမှုကင်းလွတ်ခွင့်(အခမဲ့)ကို ထပ်မံပေးသွားမည်ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက မေလ ၆ ရက် (ယနေ့) ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ထားသည်။

Image may contain: text that says 'အနေဖြင့် ကင်းလွတ်ခွင့်ပြုခဲ့သော အစိုးရ မဟုတ်သော အဖွဲ့အစည်းများအုပ်စုမှ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများမှအပ ကျန်သုံးစွဲသူများ အားလုံးသည် ပေးဆောင်ရမည်ဖြစ်ပါသည်။'

ယခင်လ ဧပြီလ တစ်လလုံးအတွက်လည်း အိမ်သုံးမီတာ (၁၅၀) ယူနစ်ကင်းလွတ်ခွင့်ပြုထားခဲ့ပြီးဖြစ်သည်။

တန်ဆောင်မုန်းလပြည့်ညက တာချီလိတ် ...

#Daily_News

Facebook Comments

Burmese Online News