မဖြစ်မနေ ပြောင်းလဲရတော့မယ့် နေ့စဉ် လူမှုဘဝနှင့် အခြေအနေ ပိုဆိုးလာသည့် ကိုရိုနာဗိုင်းရပ်စ်

ကိုဗစ်-၁၉ ရဲ့ လက္ခဏာတွေက နှာစေး၊ ချောင်းဆိုး၊ ဖျားတာလို့ အစောပိုင်းကသိရပေမယ့် ခုကျတော့ အစာမကျေတာ အနံ့မရတာတွေလဲ ပါလာတယ်တဲ့။ ကိုရီးယားမှာ Positive ကပျောက်လို့ ဆေးရုံကဆင်းပြီးတဲ့ လူနာတွေထဲ မှာလဲ ပြန်ဖြစ်တာ ၁၅၀ ကျော်ရှိတယ်လို့ လွန်ခဲ့တဲ့ ၂-ပါတ်ကျော်က သတင်းတစ်ပုဒ်မှာတွေ့လိုက်ရတယ်။ အိန္ဒိယ မှာ lockdown လျှော့ပေးပြီးနောက်ပိုင်း ကူစက်ခံရသူ ၅၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၇၆၈ ဦးရှိတဲ့အတွက် ပဉ္စမ မြောက်အများဆုံးနိုင်ငံဖြစ်သွားပါပြီ။ အမေရိကမှာလဲ ဖြေလျှော့မှုလုပ်ပြီးနောက် တစ်ရက်ထဲ ကူးစက်သူ ၃၀၀၀ လောက်ရှိတယ်တဲ့။

ဒီဗိုင်းရပ်စ်က လူရဲ့ အရေပြားကိုဖောက်နိုင်တာမဟုတ်ပေမယ့် လူရဲ့အတွင်းပိုင်းကို ရောက်သွားတဲ့အခါ ပြန်နှံ့ပေါက် ပွားမှုအရမ်းမြန်သတဲ့။ ဒါကြောင့် ပါးစပ်၊ နှာခေါင်း မျက်စိ စတဲ့ နူးညံ့တဲ့အစိတ်အပိုင်းတွေကတဆင့် လူ့ခန္ဓာကိုယ် အတွင်းပိုင်း မရောက်အောင် လက်ကိုခဏခဏ ဆေးဘို့ Mask တပ်ဘို့ လိုအပ်တာဖြစ်ပါတယ်။ Corona Virus က ခန္ဓာကိုယ်အတွင်းပိုင်းမှာ ရှိတဲ့ အစိတ်အပိုင်းတွေရဲ့ တစ်သျှူးတွေကို တိုက်ဖျက်ပြီး ပြန့်ပွားတယ်လို့ သိရတယ်။

ကိုဗစ်နဲ့ဆုံးတဲ့သူတစ်ယောက်ကို ဓာတ်မှန်ရိုက်ထားတဲ့ပုံကြည့်ရတာ အဆုတ်နေရာမှာ အကုန်လုံးနီးပါ အမဲရောင် ဖြစ်နေတာတွေ့ရတယ်။ (အဆုတ်မှာ အနာရှိလို့ ဓာတ်မှတ်ရိုက်ရင် spot တွေ့ရတာဆိုတော့ အဆုတ်တစ်ခုလုံး ပျက်စီးသွားတဲ့ သဘောပေါ့) ခုဆို ဦးနှောက် အာရုံကြောကိုပါ ပျက်စီးသလို နှလုံးပျက်စီးလို့ နှလုံးရပ်ပြီးသေတဲ့ ကိုဗစ်လူနာတွေရှိသတဲ့။

ကုသတဲ့အပိုင်းမှာ US မှာတော့ ဆေးထုတ်နိုင်ပြီလို့ သိရပေမယ့် ကိုယ့်နိုင်ငံရောက်ဘို့တော့ ကြာအုံးမှာပါ။ ဒီတော့ ကာကွယ်ထိန်းချုပ်ရေးအပိုင်းကို မဖြစ်မနေလုပ်ရမှာပါ။ ပြည်သူအားလုံးကလဲ အသိရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်ကြမှ ရမှာပါ။ မနေ့ကထိ စစ်ဆေးပြီးလူနာ ၉၀၀၀ ကျော် Facility Quarantine Centre မှာ ၄၀၀၀၀ ကျော်လို့သိရတယ်။ စစ်ဆေးနိုင်တဲ့ပမာဏ နည်းသေးလို့ Positive လူနာနည်းတာလား၊ ခုဆိုရင် ရောဂါလက္ခဏာမပြဘဲ Silent Carrier တွေလဲ ရှိနေတဲ့အခါ ကူးစက်မှုမရှိအောင် ကာကွယ်ထိန်းချုပ်ရေးကို လုပ်ကိုလုပ်ရမှာပါ။

ဒါတောင်မှ Positive လူနာတွေက အမှန်မဖြေကြတာတွေ၊ (ထိတွေ့မှု ကွင်းဆက်ဖော်ထုတ်နိုင်မှ ထိန်းချုပ်နိုင်မှာ) မလိုအပ်ဘဲ မထွက်ပါနဲ့ဆို ခုချိန်ထိ Mask မပါဘဲ လမ်းမပေါ်မှာ တလားလားသွားနေကြတာတွေ၊ နှာခေါင်းနဲ့ ပါးစပ် ကနေ ပိုးဝင်ရောက်မှုမရှိအောင် Mask တပ်ရတာကို မေးစေ့မှာ သွားရည်ခံဘို့ တပ်ထားကြသူတွေ အတော့်ကို စိတ်ပျက်စရာကောင်းပါတယ်.. ဒီကြားထဲ ဇွန်လ ကျောင်းပြန်ဖွင့်မှာလား သင်တန်းတက်ရမှာလားလို့ မေးကြတဲ့ ပို့စ်တွေ တွေ့နေရသေးတယ်။

ဒါကြောင့် လူကြီးသူမတွေက “မရှိတာထက် မသိတာခက်” လို့ပြောကြတာ။ ကိုဗစ်က ထိန်းချုပ်နိုင်ပြီးရင်တောင် (၂) နှစ်လောက် စောင့်ကြည့်သတိထားရမယ်လို့လဲ ပြောကြတယ်။ ဆိုတော့ ကျန်းမာရေး ထက် အရေးကြီးတာ ဘာမှမရှိ။ ကျန်းမာရေးဆိုတာတောင် တစ်ဦးတစ်ယောက်ထဲရဲ့ ကျန်းမာရေးမဟုတ်ဘူး တစ်နိုင်ငံလုံး မသာပေါ်နိုင်တဲ့ ကူးစက်ရောဂါ.. Stay Home နေရတာ၊ Mask တပ်ရတာ လက်ဆေးရတာကို သည်းမခံနိုင်ရင် ထိတွေ့ဆက်ဆံမှုရာဇဝင်ကို အမှန်မဖြေကြရင် အားလုံးရဲ့အရေးမို့ ပူးပေါင်းဆောင်ရွက်မှု မရှိကြရင် နိုင်ငံပါပျောက်သွားမလားဆိုတာ စိတ်ပူမိပါရဲ့။

ကေတီ (အာကာသ)

Facebook Comments

Burmese Online News