အရေးပေါ်အသက်ကယ်နိုင်ဖို့ရည်ရွယ်ကာ သိန်း(၁၃၀)တန်ဖိုးရှိတဲ့ အသက်ရှူစက် လှူဒါန်းခဲ့တဲ့ စမိုင်းလ်

ပရိတ်တွေရဲ့ အချစ်တော် သရုပ်ဆောင် မင်းသမီးချော စမိုင်းလ်ကတော့ ဒီနေ့မှာ လတ်တလော ဖြစ်ပေါ်နေတဲ့ Covid-19 ကာကွယ်ကုသရေးလုပ်ငန်းအတွက် လိုအပ်တာကို လှူဒါန်းပေးလိုက်ပြန်ပါပြီ။ စမိုင်းလ်ကတော့ အလှူအတန်းတွေကို အမြဲတမ်းလိုလို လှူဒါန်းပေးလေ့ရှိတဲ့ သူတစ်ယောက်ဆိုတာလည်း ပရိသတ်တွေသိရှိပြီးသားဖြစ်မှာပါ။


လတ်တလောဖြစ်ပေါ်နေတဲ့ Covid-19 ရောဂါ ကာကွယ်ကုသရေးအတွက်လည်း လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်းမကြာခဏလှူဒါန်းပေးနေခဲ့တဲ့ အပြင် Covid-19 ကြောင့် စားဝတ်နေရေး အခက်အခဲတွေနဲ့ ကြုံတွေ့နေရတဲ့ သူတွေအတွက်ကိုလည်း စားသောက်ကုန်တွေတတ်နိုင်သလောက်လှူဒါန်းပေးနေခဲ့ပါသေးတယ်။ အခုတစ်ခေါက်မှာလည်း စမိုင်းလ်က အမေရိကန်ဒေါ်လာ (၉၅၀၀)တန် ( မြန်မာငွေ သိန်း ၁၃၀ တန်ဖိုးရှိ ) emergency ventilator စက်ကို We Love Yangon အဖွဲ့မှတဆင့် အရေးကြီးလိုအပ်နေသောဆေးရုံသို့လှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။

အခုဖြစ်ပေါ်နေတဲ့ Covid19 ရောဂါဟာအသက်ရှူလမ်းကြောင်းပိတ်ပြီး အောက်စီဂျင်မရတဲ့အခါမှာအသက်ဆုံးရှုံးမှုတွေဖြစ်ရတဲ့ အတွက် အရေးပေါ်အသက်ကယ်နိုင်ဖို့ရည်ရွယ်ပြီး စမိုင်းလ်က အသက်ရှူစက်ကို လှူဒါန်းပေးခဲ့တာပါတဲ့။

ပရိသတ်ကြီးရေ စမိုင်းလ်ရဲ့ အလှူလေးကတော့ မွန်မြတ်လှတဲ့အပြင် ရည်ရွယ်ချက်ကလေးကလည်း ကောင်းလွန်းလှပါတယ်နော်။

Facebook Comments

Burmese Online News