တရုတ်ကုမ္ပဏီ ၆၆ ရဲ့ နှာခေါင်းစည်းတွေ အရည်အသွေးမမီဘူးဆိုပြီး အမေရိကန်ပိတ်ပင်

တရုတ်နိုင်ငံက အမေရိကန်ကို ရောင်းချနေတဲ့ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေး မပြည့်မီတာကြောင့်ဆိုပြီး တရုတ်ကုမ္ပဏီ ၆၆ ခုက ရောင်းတဲ့ နှာခေါင်းစည်းတွေကို သမ္မတထရမ့်အစိုးရက ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အဲဒီနှာခေါင်းစည်း မျက်နှာဖုံးတွေဟာ အရည်အသွေးညံ့တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ထုပ်ပိုးထားတဲ့ နှာခေါင်းစည်းမျက်နှာဖုံးများ (ဧပြီ ၂၄၊ ၂၀၂၀)

ဆေးဘက်ဆိုင်ရာမှာအသုံးပြုတဲ့ N95 နှာခေါင်းစည်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကို ဓါတ်ခွဲခန်းမှာ စမ်းသပ်တာအပါအ၀င် အလွန်သေးငယ်တဲ့ အမှုန်အမွှားလေးတွေကိုတောင် ၉၅ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တဲ့အတွက် ပုံမှန်ရိုးရိုး နားခေါင်းစည်းမျက်နှာဖုံးတွေနဲ့ အ၀တ်နဲ့ လုပ်တာတွေထက် ရောဂါကာကွယ်နိုင်တာကြောင့် ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံတွေက ပိုပြီးတော့ လိုချင်ကြတာ ဖြစ်ပါတယ်။

China's quality control problem in leading coronavirus fight - Los ...

ဒါပေမဲ့ တရုတ်ကနေထုတ်တဲ့ KN95 နှာခေါင်းစည်းတွေဟာ ၂၄ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်ပြီး တရုတ်ကနေ ပို့လိုက်တဲ့ တသုတ်မှာဆိုရင် ၁ ရာခိုင်နှုန်းလောက်ပဲ ကာကွယ်နိုင်တယ်လို့ အမေရိကန်အစိုးရ အစားအစာနဲ့ ဆေးဝါး ကွပ်ကဲရေးဌာန (FDA) က ကြာသပတေးနေ့မှာ ပြောပါတယ်။

အခုလို အမေရိကန်အစိုးရဘက်က တားမြစ်လိုက်တဲ့အတွက် အမေရိကန်ကျန်းမာရေးဝန်ထမ်းတွေကို နှာခေါင်းစည်းတွေ ရောင်းချဖို့ တရားဝင်ခွင့်ပြုထားတဲ့ တရုတ်ကုမ္ပဏီဟာ အရင်က ၈၀ ရှိရာကနေ အခုအခါမှာ ၁၄ ခုပဲ ကျန်တော့တယ်လို့ FDA က ပြောပါတယ်။

China tightens quality control to ensure supply of face masks ...

အမေရိကန်မှာ ဆေးဘက်ဆိုင်ရာသုံး N95 နှာခေါင်းစည်းတွေ လိုအပ်တာကြောင့် ပြီးခဲ့တဲ့လကစပြီး တရုတ်ကထုတ်တဲ့ N95 နှာခေါင်းစည်းတွေကို အမေရိကန်က ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင့် COVID-19 ရောဂါအတွက် ဆေးဝါအတုတွေရောင်းချနေတယ်လိုဆိုတဲ့ ကုမ္ပဏီတွေကိုလည်း သတိပေးစာ ၄၂ စောင် ပို့ထားတယ်လို့ FDA က ပြောပါတယ်။ အဲဒီဆေးတွေဟာ အတုဖြစ်ရုံသာမက အန္တရာယ်လည်းရှိတယ်လို့ ဆိုပါတယ်။

ဗွီအိုအေ

Facebook Comments

Burmese Online News