မန္တလေးမြို့ နေအိမ်တစ်ခုအတွင်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သူ ၁၂ ဦး ထောင်ဒဏ် သုံးလစီ ချမှတ်ခံရ

မန္တလေးမြို့တွင် နေအိမ်တစ်ခုအတွင်း ဝတ်ပြုဆုတောင်းပွဲ ပြုလုပ်သူ ၁၂ ဦး ထောင်ဒဏ်သုံးလစီ ကျခံစေရန် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ မေ ၇ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အမျိုးသား ၁၄ ဦးက ဘာသာရေးဝတ်ပြုဆုတောင်းပွဲ ပြုလုပ်ခဲ့ရာ ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)အရ ထောင်ဒဏ်သုံးလစီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ကလေးသူငယ်များဖြစ် သဖြင့် ကလေးသူငယ် တရားရုံးတွင် သီးခြားတရားစွဲဆိုထားသည်။

လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းသူ ၁၂ ...

” ဦးတင်စိုးပါ ၁၂ဦးကို သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာဥပဒေပုဒ်မ- ၃၀(က)နဲ့ တရားစွဲတင်လာတဲ့ အမှုဖြစ်တယ်။ အဲဒီမှာစွပ်စွဲလာသူ ၁၄ ဦးမှာ နှစ်ဦးက ကလေးသူငယ်တွေဖြစ်တယ်။ ဒါ‌ကြောင့် ၁၂ ဦးကိုပဲ ချမ်းမြသာစည်မြို့နယ်တရားရုံးမှာစွဲတင်ပြီး နှစ်ဦးကိုတော့ ကလေးသူငယ်တရားရုံးမှာ သီးခြားအမှုအနေနဲ့ စွဲတင်ထားပါတယ်။ တရားစွဲတင်တဲ့ မေလရရက်မှာပဲအမှုကိုစစ်ဆေးချက်အရ သဘာဝဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ-၃၀(က)အရ စွဲချက်တင်ခဲ့တယ်။ စွပ်စွဲခံရသူ‌တွေကလည်း ဝန်ခံတဲ့အတွက်အလုပ်နဲ့ ထောင်ဒဏ် သုံးလစီကျခံစေရန် အမိန့်ချမှတ်ခဲ့ပါတယ်”ဟု ချမ်းမြသာစည်မြို့နယ်တရားရုံး သတင်းပြန်ကြားရေးအရာရှိ၊ မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောကြားခဲ့သည်။

ကပ်ဘေးကာလ နေအိမ်တွင်လူစုပြီး ဝတ် ...

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုမဖြစ်ပွားစေရန်အတွက် လူစုလူဝေးပွဲများမပြုလုပ်ရန် မန္တ‌လေးမြို့တွင် တားမြစ်မိန့်ထုတ်ပြန်ထားရာ ဧပြီ ၁၀ ရက်က မန္တလေးမြို့၊ ချမ်းမြသာစည်မြို့ နယ်ရှိ ကံသာယာရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အိမ်ရှင်အပါအဝင် အမျိုးသား ၁၄ ဦးသည် ဘာသာရေးဝတ်ပြု ဆုတောင်းမှုပြုလုပ်ခဲ့ကြ သဖြင့် အောင်ပင်လယ်နယ်မြေရဲစခန်းတွင် (ပ)၁၃၂/၂၀၂၀၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၂၆ဖြင့် အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်တရားရုံးမှ ...

ထို့နောက် မေ ၇ ရက်တွင် ၎င်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က) ဖြင့်ပြောင်းလဲ၍ ချမ်းမြသာစည်မြို့နယ်တရားရုံးသို့ တရားစွဲတင်ခဲ့ရာ ၁၄ ဦးအနက် ၁၂ ဦးကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ-၃၀(က)ဖြင့်ထောင်ဒဏ်သုံးလစီကျခံစေရန် အမိန့်ချ မှတ်ခဲ့ခြင်းဖြစ် သည်။

EMG

Facebook Comments

Burmese Online News