ဒီနေ့ လားရှိုးမှာPPE၀တ်စုံအပြည့် နဲ့ သဂြိုလ်ခံခဲ့ ရတဲ့ လူငယ်လေး ရဲ့ မသေခင်မှာ ရေးသားခဲ့တဲ့ စာလေးတစ်ပုဒ်

ဒီေ န့ လားရှိုးမှာ PPE ၀တ်စုံအပြည့်နဲ့ သဂြိုလ်ခံခဲ့ရတဲ့ လူငယ်လေးရဲ့ မသေခင်မှာ ရေးသားခဲ့တဲ့ စာလေးတစ်ပုဒ်”လားရှိုးမှာ ဒီမနက်ကွယ်လွန်ပြီး ပရဟိတ အဖွဲ့တွေက PPE ဝတ်စုံတွေနဲ့ သဂြိုလ်ခံခဲ့ရတဲ့ လူငယ်တစ်ဦးရှိခဲ့ပါတယ်…PPEတွေနဲ့ DBကို သယ်တဲ့ပုံကိုတွေ့ရတော့ မြို့သူမြို့သားတွေ ထိတ်လန့်ခဲ့ကြပါတယ်…၎င်းကစ္စကို လားရှိုးဆေးရုံက တာဝန်ရှိသူက ခုလိုရှင်းပြပါတယ်

“ဒီနေ့ သင်္ဂြိုလ်တဲ့လူနာကမနေ့ကဆေးရုံတက် တယ်.. တီဘီနဲ့ SLE. ( ကိုယ်ခံအား တုန့်ပြန်ရောဂါ) ရှိတယ်ဖျားတာဆိုတော့ ဆေးရုံတင်ထားတာ ဆေးစစ်ချက်တွေမစုံသေးတော့ စောင့်ကြည့်လူနာ ဖြစ်မဖြစ်မဆုံးဖြတ်ရသေးခင်ညကဆုံးသွားလို့ တို့ဖတ်နမူနာယူပြီးပို့ထားတယ်”လို့ပြောပါတယ်

သေဆုံးခဲ့တဲ့ လူနာကတော့ သူမသေခင်မှာ ခုလိုရင်ဖွင့်ခဲ့ပါတယ်“အဆုံးထိဖတ်ပေးကြပါ#သွေးလေးဖက်နာဖြစ်နေတာ(2)နှစ်လောက်ရှိနေပါပြီ 😔😔😔!!! ကျေးဇူးပြု၍ဒီစာကိုမြင်မိလျှင်အဆုံးထိဖတ်ပေးပြီးကျွန်တော့်ကိုအကြံဉာဏ်လေးတွေမျှဝေပေးပါ !!!

ကျွန်တော်အသက်၂၀ပဲရှိသေးတဲ့SLEဝေဒနာရှင်တယောက်ပါ လားရှိုးမြို့ကပါ သားသိချင်တာတခုရှိတယ်ဗျာ့သားတို့မြို့ရဲ့လားရှိုးဆေးရုံကြီးကသမားတော်တွေပဲအဲ့လိုကွက်ဖြစ်နေတာလားမသိ ဘာရောဂါအခံရှိရှိTBဆေးတိုက်တဲ့ကိစ္စပါ

ပြီးခဲ့တဲ့March 29တုံးကသားရေချိုးမှားပြီးသားအိပ်ခန်းထဲမှာတင်ကိုယ်တွေနဲနဲပူ အမေကသားကိုစိတ်မချလို့အခန်းမှာပဲရေပတ်တိုက်စောင့်ကြည့်ပေးနေရင်းနဲ့သားကအအေးပတ်ထားတော့ချောင်းအရမ်းဆိုးပြီးရင်တွေကြပ်အမောကနဲနဲဆို့သတိမေ့ပြီးဆေးရုံတင်လိုက်ရခါတိုင်းပြနေကျသမားတော်ဆေးခန်းကကပ်ဆိုးကာလမို့ဆေးခန်းပိတ်ထားတော့အဲ့ဒါနဲ့ပြနေကျသမားတော်ကိုအမေကဖုန်းဆက်တော့သမားတော်ကိုယ်တိုင်ကဆေးရုံတင်ခိုင်းလိုက်တာ ဆေးရုံရောက်တော့ဘာဆေးထိုးပေးလည်းမသိ သားသတိနဲနဲလည်လာတယ် အဲ့ဒါနဲ့ဘာခံစားရလဲသူတို့မေးတာကိုသားမှာOxygenပိုက်တပ်ပြီးမောမောနဲ့ဖြေပေးတာကိုသူတို့ကစိတ်မရှည်မယုံကြည်သလိုနဲ့သားကပဲcovidကူးလာတဲ့လူနာလိုလိုဆက်ဆံ covidပိုးမြန်မာမှာစတွေ့တယ်ဆိုကတည်းကအိမ်ကလူတွေကသားကိုစိတ်မချ ခုခံအားနည်းတဲ့သူဆိုပြီး အိမ်ထဲကအိမ်ပြင်ကိုမထွက်ခိုင်းတာပြောပြတယ်

အဲ့ဒါနဲ့သားချောင်းအရမ်းဆိုးလို့ဆိုပြီး ဓာတ်မှန်ရိုက်သလိပ်စစ်ခိုင်း သားရဲ့သလိပ်စစ်ထားတဲ့အဖြေကလည်းပိုးမတွေ့ဒါကိုTBဆေးသောက်ခိုင်း သားဘေးကလူနာတချို့လည်းသားမေးကြည့်တယ်အကိုတို့ဦးလေးတို့ချောင်းဆိုးရင်သမားတော်TBဆေးညွှန်လာဆိုအကုန်ညွှန်တယ်တဲ့

သားအထင်ဆေးရုံတင်ခံရတဲ့လူနာမှန်သမျှသလိပ်စစ်တာ ပိုးတွေ့တွေ့မတွေ့တွေ့ချောင်းနဲနဲဆိုးတာနဲ့TBဆေးတိုက်လွှတ်ပုံရတယ်ရောဂါအခံမရှိတဲ့သူကအကြောင်းမဟုတ်ဘူး ။သားတို့လိုSLEရောဂါအခံရှိတဲ့သူကပုံမှန်သောက်နေကျSLEဆေးကိုနားခိုင်းထားပြီး TBဆေးကိုcoseပြည့်အောင်သောက်ခိုင်းပြီးမှSLEဆေးပြန်သောက်ခိုင်းတော့အခက်တွေ့ပြီလေ

(ဆေးရုံကတာဝန်ကျnurseတွေကိုသားမေးပုံအရဆို TBဆေးဘာကြောင့်သောက်ရလဲဆိုတော့သူတို့ပြောပြတာက TBဆေးသောက်ထားတဲ့လူနာအများစုကအခြားပြင်ပရောဂါပိုးမဝင်နိုင်မကူးစက်နိုင်အောင်လို့တော့ပြောတာပဲ)

သားကSLEဆေးတွေ၁ရက်မသောက်ရရင်ခြေလက်ကိုက်ခဲအရေပြားယားသလိုလိုနဲ့အရေပြားမှာအနီရောင်သန်းတာတွေဖြစ်သလိုခံစားရလို့စိတ်ထဲနေလို့ကိုမကောင်းဘူးပြီးတော့ပိုဆိုးတာက(လက်ထောက်ဆရာဝန်ငယ်လေးတွေ)ဗဟုတုသစုံရဲ့လားမသိ သားSLEရောဂါအခံရှိတယ်ဒီဆေးသောက်လို့ဖြစ်ရဲ့လားမေးရင်တောင် SLEကဘာလဲမသိတဲ့ဆရာဝန်ကရှိသေးအံ့သြတယ်

(သမားတော်ဒါညွှန်းလို့ဒါပဲသောက်လိုက်ဆိုတဲ့အထာမျိုးဖြစ်နေတာလားမသိ သူတို့အရည်အချင်းကိုကြည့်ပုံအရတော့)ဒီလောက်ရောဂါစုံပေါ်တဲ့ခေတ်ကြီးမှာအဲ့ဒါဘာရောဂါလဲမေးတဲ့ဆရာဝန်ကရှိသေးသူတို့ကပညာကိုစော်ကားတာတော့မဟုတ်ဘူး လွန်ခဲ့တဲ့၂နှစ်လောက်ကဒီမြို့ကဆေးရုံဆေးခန်းသမားတော်တွေ ဘယ်သူနဲ့ပြပြခြေလက်ကိုက်ခဲတာမသက်သာလို့ရန်ကုန်ကတကယ့်ပါရဂူတွေထိုင်တဲ့သမားတော်ဆေးခန်းကိုပြမှSLEဆိုတာအဖြေထွက်လာသို့မဟုတ်ဒီမြို့မှာရှိသမျှသမားတော်အကုန်နဲ့ပြလို့သာပြီးသွားမယ်ရောဂါအဖြေရှာတွေ့မှာမဟုတ်ဘူးဆေးတခြားအနာတခြားနဲ့အသက်၁၈နှစ်နဲ့တင်အသက်ထွက်သွားနိုင်ခြေရှိတယ်ခုလည်းTBဆေးသောက်နေရ သားရောဂါကြွတဲ့ဒဏ်မခံနိုင်လို့TBဆေးနဲ့2နာရီခြားပြီးသား၂လတခါရန်ကုန်ကသမားတော်နဲ့သွားပြထားတဲ့SLEဆေးညွှန်းတွေကိုယ့်ဟာကိုချင့်ချိန်ပြီးသောက်နေရတယ် အမေလည်းသားအကြောင်းနားလည်လို့ကိုယ်နဲ့တည့်တယ်ထင်တဲ့ဟာပဲသည်းခံပြီးသောက်သွားလိုက်ပါသားရယ်တဲ့

(အမေကသိပြီးသား ဒီကသမားတော်တော်တွေဒီလိုပဲလာမှာဆိုတာကို အဖေတုံးကလည်းဒီလိုနဲ့ပဲSLEကျောက်ကပ်ပျက်စီးလို့ဆေးရတဲ့အဆင့် ဆေးရုံကြီးကကျောက်ကပ်ဆေးတာပုံမှန်မဆေးပေးလို့ shockဖြစပြီးဆေးရုံမှာတင်အသက်ဆုံးသွားရရှာ)ခါတိုင်းလိုခန္ဓာကိုယ်ကနေလို့မကောင်းနောက်ကျောအောင့်တာနဲ့ဆေးဒဏ်ကြောင့်ပျို့ချင်အန်ချင်တာနဲ့ကပ်ဆိုးလည်းမြန်မြန်ပြီးစေချင်ပြီရန်ကုန်ကသမားတော်နဲ့ပြန်သွားပြချင်လို့အဲ့ဆေးဆက်သောက်သင့်မသောက်သင့်ဆိုတာကိုသိချင်တယ်

ခုတော့ဆေးရုံဆင်းပြီးအိမ်မှာအဲ့ဆေးတွေကြိတ်မှိတ်ပြီးသောက်နေရတည့်လားမတည့်လားလည်းမသိတော့ပါဘူးခုတလောသားဖျားနာတာဖြစ်ဖြစ်သတိတောင်မမေ့ရဲချင်တော့ဆေးရုံတင်ခံရရင်ဆေးမှားတွေညွှန်းခံရမှာကြောက်လို့

သူ့ရဲ့ အကောင့်ပြည့်စုံဖြိုး ဒီမနက် ၁ နာရီမှာဆုံးသွားပါပီသူ့သူငယ်ချင်း/ဆရာ/ဆရာမများသိအောင်လို့တင်ပေးတာပါဒီgroupထဲလားရှိုးမြို့ကသမားတော်တွေပါခဲ့သည်ရှိသော်သားပြောထားတဲ့စကားထဲမှားတဲ့အပိုင်းပါခဲ့သည်ရှိသော်သည်းခံခွင့်လွှတ်ပေးပါသားဆေးဒဏ်မခံလာနိုင်လို့သာရေးသားအကြံပြုအကြံဥာဏ်တွေတောင်းခံခြင်းသာဖြစ်သည်ဘယ်သူ့ကိုထိခိုက်စော်ကားစေလိုချင်မရှိပါ ကျေးဇူးတင်ပါတယ်”လို့ရေးသားထားတာဖြစ်ပါတယ်…ကိုစိုင်းပြည့်စုံဖြိုးဟာ ဒီမနက် 1 နာရီလောက်က ကွယ်လွန်သွားတာဖြစ်ပါတယ်

From FB

Facebook Comments

Burmese Online News