Mask စနစ်တကျမတပ်ပါက ကျပ် ၅၀၀၀ ဖြင့် Mask ၂ ခု ဝယ်ရမည်ဟု မန္တလေးတိုင်းအစိုးရ ကြေညာချက်ထုတ်

မန္တလေးတိုင်းအတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် နေအိမ်ပြင်ပသို့ သွားလာပါက Mask မဖြစ်မနေ တပ်ဆင်ရန်၊ စနစ်တကျ လုံခြုံစွာတပ်ဆင်ကြရန်နှင့် လိုက်နာခြင်းမရှိပါက ကျပ် ၅၀၀၀ ဖြင့် Mask ၂ ခုဝယ်ယူရမည်ဟု ယနေ့(မေ ၈ ရက်)နေ့စွဲဖြင့် တိုင်းအစိုးရအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

A new battle zone for the coronavirus looms: the developing world

Mask တပ်ဆင်သွားလာမှု စနစ်တကျဖြစ်စေရေးအတွက် မေ ၉ ရက်မှ ၁၅ ရက်နေ့ထိ ပညာပေးကာလတွင် လိုက်နာခြင်းမရှိသူအနေဖြင့် Mask တစ်ခုလျှင် ၁၀၀၀ ကျပ်ဖြင့် ၂ ခုဝယ်ယူရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် Mask တစ်ခုလျှင် ကျပ် ၂၅၀၀ ဖြင့် နှစ်ခု မဖြစ်မနေ ဝယ်ယူရမည်ဖြစ်သည်။

304 Mandalay Life 026 | Clive Coombes | Flickr

“တချို့ အသိနည်းတဲ့သူတွေက Mask (နှာခေါင်းစီး) မတပ်ချင်ကြဘူး။ တပ်ဖို့ ဝန်လေးတယ်လို့ သူတို့ ယူဆတယ်။ လူတွေက အဝတ်အစားဝတ်တာက အရှက်လုံဖို့ဝတ်သလို အသက်လုံ ဖို့အတွက် နှာခေါင်းစည်း တပ်ရ တာဖြစ်တယ်”ဟု မြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောသည်။

မန္တလေးမြို့၌ Mask တပ်၍ သွားလာနေကြသူများအား တွေ့ရစဉ်။ ဓာတ်ပုံ- အောင်သန့်ခိုင်/ မြန်မာတိုင်းမ်

နေအိမ်ပြင်ပ သွားလာချိန်တွင် Mask တပ်ဆင်ရာ၌ စနစ်တကျနှင့် လုံခြုံစွာတပ်ဆင်သွားလာရမည်ဖြစ်၍ လိုက်နာရန် ပျက်ကွက်ပါက တည်ဆဲဥပဒေများနှင့် အညီအရေးယူဆောင်ရွက်သွားမည်ဟုလည်း အသိပေး ကြေညာချက်တွင် ပါရှိသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News