တန်ဖိုးနည်းအိမ်ရာမှ မီတာ ၁၈ လုံး ခိုးယူခံရ

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ လူနေထိုင်ခြင်းမရှိသေးသည့် တန်ဖိုးနည်း အိမ်ရာမှ အိမ်သုံးမီတာ ၁၈ လုံး ခိုးယူခံရမှုကိုသက်ဆိုင်ရာက အမှုဖွင့်စုံစမ်းလျက်ရှိကြောင်း ယနေ့မေ ၉ ရက်တွင် ရဲတပ်ဖွဲ့ထံမှ သိရသည်။

News Detail - Find Property

ဖြစ်စဉ်မှာ မေ ၄ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာအတွင်းရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ထားသည့် တန်ဖိုးနည်းအိမ်ရာ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် လျှပ်စစ်ဓာတ်အားခွဲရုံအမှတ်(၁)မှ ဦးအောင်ဇော်မျိုးကမီတာလိုက်လံဖတ်ခဲ့သည်။

မီတာခ တိုးမြှင့်မှု ကုန်ဈေးနှုန်း ...

ထိုသို့ မီတာလိုက်လံဖတ်စဉ် တိုက်အမှတ်(၁၇)နှင့် တိုက် အမှတ်(၄၅)တို့ရှိ အခန်း(၁၈)ခန်းတွင် တပ်ဆင်ထားသည့် အိမ်သုံးမီတာ ၁၈ လုံးမှာ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့သဖြင့် အရေးယူပေးရန် မေ ၈ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်းက (ပ)၂၈၇၆/၂၀၂၀၊ ပပက ၆(၁) အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News