“ပုရိသပရိသတ်တွေ ငေးမောသွားလောက်စေမယ့် အိန္ဒိယသူလေးလို ကပြလိုက်တဲ့ ခေးဆက်သွင်ရဲ့ဗီဒီယိုဖိုင်လေး”
MRTV-4ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “အရိပ်” ရုပ်သံဇာတ်လမ်းတွဲတွေ အမာညိုအဖြစ်သရုပ်ဆောင်တဲ့ ခေးဆက်သွင်နဲ့ ပရိသတ်တွေကို အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ခေးဆက်သွင်ကတော့ ဇာတ်ကားတိုင်းလိုလို ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့အပြင် ဆွဲဆောင်မှုရှိတဲ့ အပြုံးလေးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုကို ရရှိထားတာပဲဖြစ်ပါတယ်။ ခေတ်စားနေတဲ့ tik tokလေးတွေကိုလည်း အပျင်းပြေ စတင်ဆော့လေ့ရှိပါတယ်။
Stay Homeနေရင်း သူမရဲ့ ကိုယ်ခန္ဓာကို ထိန်းသိမ်းရင်း လေ့ကျင့်ခန်းလုပ်တဲ့ပုံရိပ်လေးတွေနဲ့ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။ ပရိသတ်တွေကို သူမကတော့ အိန္ဒိယအကနဲ့ အမိုက်စားကကွက်လေးတွေကကာ tik tokဆော့ထားတဲ့ ဗီဒီယိုလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်လာခဲ့တာပဲဖြစ်ပါတယ်။ ခေးဆက်သွင်ကတော့ အကနဲ့ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်လေးကလာခဲ့တဲ့ ဗီဒီယိုလေးကို တင်ပေးလိုက်တာပါပဲနော်။
CeleConnections ပရိသတ်တွေအတွက် ခေးဆက်သွင်ရဲ့ အမိုက်စား ကကွက်ထားတဲ့ ဗီဒီယိုဖိုင်လေးကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ ပရိသတ်ကြီးကလည်း ခေးဆက်သွင်ရဲ့ ကကွက်လေးကို ကြည့်ကာ သဘောကျနှစ်သက်မိမယ်လို့ထင်ပါတယ်။
ဆယ်လီကော်နက်ရှင်