Good News!!! ချန်းရိဖိနပ်စက်ရုံက လူနာအမှတ် ၁၄၄ ရောဂါပျောက်ကင်းပြီ

ဒီနေ့ည ထုတ်ပြန်ချက်မှာ နှစ်ကြိမ်ဆက်ပိုးမတွေ့သူ ၄ ဦးထပ်တိုးခဲ့ပါတယ်။ချန်းရိဖိနပ်စက်ရုံက လူနာအမှတ် ၁၄၄ အပါအဝင် လူနာ (၄) ဦးမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိတော့တာကြောင့် မြန်မာနိုင်ငံမှာ ရောဂါပိုးကင်းစင်သူ (၇၂) ဦးအထိ ရှိလာခဲ့ပြီလို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မေလ ၁၀ ရက် ည ၈ နာရီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ချန်ရီဖိနပ်စက်ရုံကလူနာအမှတ် ၁၄၄ ...

ထပ်တိုးခဲ့တဲ့ ပိုးမတွေ့လူနာ (၄) ဦးမှာ လူနာအမှတ် ၉၈၊ ၁၄၁၊ ၁၄၂ နဲ့ ၁၄၄ တို့ဖြစ်ပြီး လူနာအမှတ် ၁၄၄ ကတော့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ဇာတိဖြစ်ပြီး လှိုင်သာယာမြို့နယ်က ချန်းရိဖိနပ်စက်ရုံမှာ တရုတ်စကားပြန်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

ချန်ရိ ဖိနပ်စက်ရုံ လူနာ ၁၄၄နဲ့ ပတ် ...
လူနာဟာ အဆိုပါ စက်ရုံမှာ စကားပြန်အဖြစ် အလုပ်ဝင်နေခဲ့တာ (၁) လခန့်ရှိနေပြီး ဧပြီလဆန်းပိုင်းက စတင်ဖျားနာတာကြောင့် ဧပြီလ ၁၅ ရက်လောက်မှာ မိုးညှင်းကို ပြန်သွားခဲ့ကာ မိုးညှင်းရောက်မှ ရောဂါပိုးရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဧပြီလ ၂၄ ရက် ည ၈ နာရီမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။အခုတော့ လူနာမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိခဲ့သလို လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူ စက်ရုံဝန်ထမ်းနဲ့ အဆောင်နေထိုင်သူ စုစုပေါင်း (၁၁၅ ) ဦးမှာလည်း ရောဂါပိုးမရှိကြောင်း စစ်ဆေးထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် လူနာအမှတ် ၁၄၄ မှာ ရောဂါပိုးစတင်တွေ့ရှိခဲ့တဲ့ အချိန်ကစပြီး ပိတ်ထားခဲ့တဲ့ ချန်းရိ ဖိနပ်စက်ရုံကိုလည်း ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ထုတ်ပြန်ချက်အရ လူနာ (၂) ဦးထပ်တိုးခဲ့ပြီး တစ်ဦးမှာ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်က ဖြစ်ပြီး ကျန်တစ်ဦးမှာ မရမ်းကုန်းမြို့နယ်က ဖြစ်ပါတယ်။

အင်းစိန်မြို့နယ်က လူနာမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသား လူနာအမှတ် ၁၇၉ ဖြစ်ပြီး လူနာအမှတ် ၁၇၇ နဲ့ ထိတွေခဲ့သူလို့ ဖော်ပြထားပါတယ်။မရမ်းကုန်းမြို့နယ်က လူနာကတော့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး လူနာအမှတ် ၁၈ဝဖြစ်ပြီး လူနာအမှတ် ၈၆ နဲ့ ထိတွေ့ခဲ့သူဖြစ်ပါတယ်။ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ မေလ ၁၀ ရက်နေ့ ည ၈နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ ၁၈၀ ဦးရှိခဲ့ရာ ၇၂ ဦးကတော့ ပြန်လည်ကောင်းမွန်ပြီး ၆ ဦးကတော့ သေဆုံးခဲ့ပြီလို့ သိရပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News