နှစ်ကုန်ပိုင်း၌ ကိုရိုနာကူးစက်ကပ်ဘေး ဒုတိယလှိုင်း ဖြစ်လာနိုင်ဟု တောင်ကိုရီးယားသမ္မတ သတိပေး

ဒီနှစ်ကုန်ပိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေး ဒုတိယလှိုင်း ဖြစ်လာနိုင်တယ်လို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်းက မေ ၁၀ ရက်မှာ သတိပေးခဲ့ပါတယ်။ လတ်တလောမှာ ကူးစက်ခံတွေ အုပ်စုလိုက် တွေ့နေတာဟာ COVID-19 ရောဂါ ဘယ်အချိန်မှာမဆို ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နိုင်သေးတယ်ဆိုတဲ့ ဘေးကို သတိပေးနေတာလို့ ဆိုပါတယ်။

Moon Jae-in Wants Peace with North Korea. There's Just One Problem ...

“ကပ်ဘေးပြီးဆုံးတဲ့အထိ တပ်လှန့်မှု တိုးမြှင့်ထားချိန်မှာ ကပ်ဘေး ဟန့်တားရေးအတွက် ကျနော်တို့ စောင့်ကြပ်မှုကို ဘယ်တော့မှ မလျှော့ချရဘူး” လို့ မွန်ဂျေအင်းက ရုပ်သံ မိန့်ခွန်းကနေ ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ၁ လအတွင်း အမြင့်ဆုံးအနေနဲ့ မေ ၁၀ ရက်နေ့မှာ အသစ်ကူးစက်ခံ လူနာ ၃၄ ယောက်ကို တွေ့ခဲ့ပါတယ်။ ကူးစက်ခံ အသစ်တွေထဲမှာ ၂၆ ယောက်က ပြည်တွင်းနေသူ အချင်းချင်းကြားက ကူးစက်တာဖြစ်ပြီး ၈ ယောက်ကတော့ ပြည်ပကနေ ပြန်လာတဲ့ လူတွေဆီမှာ ကူးစက်ရောဂါ ပါလာခဲ့တာလို့ ကိုရီးယားရောဂါ ထိန်းချုပ်ဟန့်တားရေးဌာန (KCDC) က ပြောပါတယ်။

Why has the support for South Korea's President Moon Jae-in ...

ကူးစက်ကပ်ဘေးအတွက် ကာလရှည်တိုက်ပွဲအတွင်း KCDC ကို လုပ်ပိုင်ခွင့်ပိုပေးထားပြီး ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရ်ေဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အဖြစ် နာမည်ပြောင်းမယ်လို့ သမ္မတက ပြောပါတယ်။ ဒေသန္တရ အစိုးရတွေဟာ သူတို့ကိုယ်ပိုင် ကပ်ဘေးတုံ့ပြန်ရေးစနစ်တွေကို ပညာရှင်တွေနဲ့အတူ တည်ထောင်ကျင့်သုံးသွားဖို့လည်း စီစဉ်နေကြပါတယ်။

Is South Korea's approach to containing coronavirus a model for ...

#DVB

Facebook Comments

Burmese Online News