ရန်ကုန်အပါအဝင် မြို့ကြီးအချို့ မေလကုန်ပိုင်းမှ အပူချိန်လျော့မည်

ရန်ကုန်အပါအဝင်မြို့ကြီးအချို့ လတ်တလောတွင် အပူချိန်ဆက်လက်မြင့်တက်ဖွယ်မရှိနိုင်သော်လည်း မေလကုန်မှသာ လက်ရှိအပူချိန်ထက်လျော့ကျမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

Welcome to Yangon

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ခန့်မှန်းချက်များအရ မေ ၁၁ ရက် (ယနေ့) တွင် နေပြည်တော်၊ ရန်ကုန်၊ မြစ်ကြီးနား၊ မုံရွာ၊ မကွေး၊ ပဲခူးတို့တွင် နေ့အပူချိန်မှာ ၄၀ စင်တီဂရိတ် အထက်ရှိ၍ မန္တလေးတွင် ၄၃ ဒသမ ၃ ဖြင့် အပူချိန်အမြင့်ဆုံးရှိနေသည်။

Backpackers Travel Guide: Yangon, Myanmar - The Hangry Backpacker

“အပူချိန်အမြင့်ဆုံးအချိန်တွေက ဧပြီ၊ မေ ဒီကာလတွေပဲ မေလ ၂၀ ရက်ကျော်လောက်ဆို မြန်မာနိုင်ငံ တောင်ပိုင်းကို မုတ်သုန်စဝင်မယ်လို့ခန့်မှန်းရတယ်။ မုတ်သုန်ဝင် လို့မိုးရွာရင်အပူချိန်တွင် ပြန်ကျလာမဲ့ အနေအထားမျိုးရှိပါတယ်။” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဆိုသည်။

A Cyclist's Guide to Exploring Yangon

ကမ္ဘာမိုးလေဝသအဖွဲ့ချုပ်၏ ခန့်မှန်းချက်များအရ ၂၀၂၄ ခုနှစ်လောက်အထိ အပူအချိန်မြင့်တက်မှုများရှိမည်ဖြစ်ပြီး ရာသီဥတုပြောင်းလဲပြီး အပူချိန်လျော့နည်းရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့လျော့ပါးရေးမည့်လုပ်ငန်းစဉ်များကို နိုင်ငံအလိုက်ဆောင်ရွက်နိုင်ရန် ၂၀၂၅ ခုနှစ်အထိ သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။

2 days in Yangon - how to see the best of it! - Daily Travel Pill

မြင်းမူမြို့နယ်တွင် ၂၀၁၀ ခုနှစ်က အပူချိန် ၄၃ ဒသမ ၂ ဖြင့် အမြင့်ဆုံးဖြစ်ခဲ့ပြီး ယခုနှစ်တွင် မကွေးတိုင်း ချောက်မြို့နယ်သည် အပူချိန် ၄၇ ဒသမ ၅ အထိ စံချိန်သစ်တင်၍ မြင့်တက်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
#The_Voice

Facebook Comments

Burmese Online News