အမေရိကန်၏ ကိုဗစ်ကာကွယ်ဆေး အချက်အလက်များကို တရုတ်ဟက်ကာများ ခိုးယူနေဟုဆို

အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ ကာကွယ်ဆေး အချက်အလက်များကို တရုတ်ဟက်ကာများ ခိုးယူနေဟုဆို…

စူပါ တရုတ် ဟက်ကာများနှင့် သူလျှိုများသည် အမေရိကန်တို့ သုတေသနပြုနေသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးနှင့် ကုသမှု အချက်အလက်များကို ခိုးယူရန်လုပ်ဆောင်နေမှုကို ဖော်ထုတ်ရန် ပြင်ဆင်နေကြောင်း FBI နှင့် အမိမြေလုံခြုံရေးဌာနက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ကပ်ရောဂါဖြစ်နေမှုအပေါ် အခွင့်ကောင်းယူလိုသော နိုင်ငံများက ဆိုက်ဘာ ဖောက်ထွင်းမှုနှင့် တိုက်ခိုက်မှုများ လုပ်ဆောင်ရန်အတွက် ယခုကဲ့သို့ ကြိုးစားနေခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အခြားနိုင်ငံများ၏ ဗိုင်းရပ်စ်တုံ့ပြန်မှုနှင့် ပတ်သက်၍ သတင်းအချက်အလက်များ ရရှိရန် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က စစ်တပ်နှင့် ထောက်လှမ်းရေးဟက်ကာများကို ညွှန်ကြားထားတယ်လို့ သိရပါတယ်။

တောင်ကိုရီးယား ကဲ့သို့သော အမေရိကန်၏ မဟာမိတ်နိုင်ငံများနှင့် ဗီယက်နမ်စသော နိုင်ငံများ၏ အစိုးရပိုင် ဟက်ကာများသည်ပင် ဗိုင်းရပ်စ်နှင့် ပတ်သက်သော သတင်းအချက်အလက်များကို အာရုံစိုက်ရန် ရုတ်တရက် လမ်းကြောင်း ပြောင်းလိုက်ကြောင်း ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီများက ပြောဆိုထားပါတယ်။

ကာကွယ်ဆေး၊ ကုသမှု၊ စမ်းသပ်ခြင်းများနှင့် ပတ်သက်ပြီး အဖိုးတန် ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို တရုတ်က တရားမဝင်သော နည်းလမ်းများဖြင့် ရှာဖွေနေသည်ဟု အမေရိကန်တို့၏ ပဏာမ သတိပေးချက်ကို လာမည့် ရက်ပိုင်းအတွင်း ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။

အမေရိကန်တို့၏ သတိပေးချက်အသစ်သည် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံအပေါ် အမေရိကန်နိုင်ငံက ပြစ်တင်ရန် နောက်ဆုံး ကြိုးပမ်းမှု တစ်ခု ဖြစ်လာပါလိမ့်မယ်။

ကိုရိုနာ ဗိုင်းရပ်စ် ဇစ်မြစ်သည် ဝူဟန်ရှိ ဓာတ်ခွဲခန်းမှ ပေါက်ထွက်လာခြင်း ဖြစ်ပြီး အထောက်အထားများ ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီအိုက ယခုလတွင် စွပ်စွဲပြောဆိုထားခဲ့ပါတယ်။

#Blacker

Facebook Comments

Burmese Online News