မန္တလေးမြို့မှ လူနာအမှတ် ၈၂ နောက်ဆုံးဆေးစစ်ချက်အရ ရောဂါ ပိုးမတွေ့တော့

မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရသည့်အတွက် ဆေးကုသမူခံယူနေသည့် အသက် ၃၈ နှစ်အရွယ် လူနာအမှတ် ၈၂ တွင် နောက်ဆုံး ဆေးစစ်ချက်များအရ Negative နှစ်ကြိမ် ထွက်ခဲ့ပြီး ရောဂါပိုးမတွေ့ရှိတော့ ကြောင်း မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီးမှ သိရသည်။ မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေး က “ ကန်တော်နဒီမှ လူနာအမှတ် ၈၂ ကလည်း Negative နှစ်ခါထွက်သွားပါတယ်။ နှာခေါင်းစည်းတွေ သေချာတပ်ကြပါ လက်ကို သေချာဆေးကြပါ ” ဟု ၎င်း၏ လူမူကွန်ယက် အင်တာနက် စာမျက်နှာတွင် ရေးသားထားသည်။

COVID-19 ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ ကျော်ကိုကို

လူနာအမှတ် ၈၂ အား ကျန်းမာရေး အားကစားဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာအဖြစ် အတည်ပြုကြေညာခဲ့ပြီးနောက် သုံးကြိမ်ဓာတ်ခွဲစစ်ဆေးခဲ့ရာတွင် Positive သာ ဖြစ်နေပြီး နောက်ဆုံး နှစ်ကြိမ် စစ်ဆေးမူတွင် ရောဂါပိုးမတွေ့ရှိတော့ခြင်းဖြစ်ကာ စုစုပေါင်း ယင်းလူနာအား ငါးကြိမ် ဓာတ်ခွဲစမ်းသပ်မူ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ဓာတ်ခွဲခန်း စမ်းသပ်မူအဖြေများအရ လူနာအမှတ် ၈၂ သည့်မန္တလေးတိုင်း အောင်မြေသာစံမြို့နယ် အတွင်းနေထိုင်သူ အမျိုးသမီးတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း၊ ယင်းအတည်ပြုလူနာသည့် ဗိုင်းရပ်ကူးစက်ခံထားရသည့် အတည်ပြုလူနာများနှင့် ထိတွေ့မူမရှိသော်လည်း တူရကီနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူဖြစ်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံ ...

ယင်းလူနာသည့် နိုင်ငံခြားမှ ပြန်လည်ရောက်ရှိချိန်တွင် ၁၄ ရက်စောင့်ကြည့်ခြင်းများအား ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့ပြီးနောက် မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိချိန်တွင် အနံ့၊ အရသာ ပျက်လာသည့်အတွက်ကြောင့် ကျန်းမာရေးဝန်ထမ်းအား အသိပေးကာ ကန်တော်နဒီဆေးရုံသို့ တက်ရောက်ဆေးကုသမူ ခံယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် လူနာ စုစုပေါင်း ၃ ဦးရှိခဲ့ပြီး ချမ်းမြသာစည်မြို့နယ်အတွင်းမှ လူနာအမှတ် ၄ ( အမျိုးသား) နှင့် မတ္တရာမြို့နယ်မှ လူနာ အမှတ် ၁၃၂ ( အမျိုးသား )များတွင် ဓာတ်ခွဲစစ်ဆေးမူ ရလဒ်များအရ ရောဂါပိုးမတွေ့ခဲ့တော့အတွက် ဆေးရုံမှ ဆင်းခွင့်ရကာ သက်ဆိုင်ရာ နေအိမ်များတွင် Facility Quarantine ဖြင့် စောင့်ကြည့်မူများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ နောက်ဆုံးကျန်ရှိနေသည့် လူနာ အမှတ် ၈၂ တွင် ရောဂါပိုးမတွေ့ရှိတော့သည့်အတွက် မန္တလေးတိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာအားလုံး ရောဂါ ပျောက်ကင်းသွားပြီးဖြစ်သည်။

ကန်တော်နဒီဆေးရုံမှ စောင့်ကြည့် ...

တိုင်းဒေသကြီးအစိုးရထုတ်ပြန်ထားသည့် စာရင်းများအရ ယခုလ ၁၀ ရက်နေ့အထိ မန္တလေးတိုင်းတွင် ကိုနာဗိုင်းရပ်နှင့် ပတ်သက်သည့် စောင့်ကြည့်လူနာ စုစုပေါင်း ၆၃၉ ဦးရှိပြီး ယင်းတို့အနက် ၅၂၄ ဦးသည့် ဆေးရုံဆင်းခွင့်ရပြီးဖြစ်ကာ လက်ရှိတွင် ၄၈ ဦးခန့်သာ ဆေးစစ်ချက်အဖြေစောင့်ဆိုင်းဆဲဖြစ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး၏ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဆိုင်းပန်းဆိုင်က ဆေးရုံများသို့ ရောက်လာသည့် လူနာများအား ခန္ဂာကိုယ် အပူချိန်နှင့် ရောဂါလက္ခဏာများ ကိုကြည့်ရူစစ်ဆေးကာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးနှင့် ရောဂါလက္ခဏာ ဆင်တူနေပါကာ စောင့်ကြည့်လူနာအဖြစ်သတ်မှတ်ကြောင်း၊ ယင်းလူနာများတွင် ရောဂါအခံရှိသူနှင့် ရောဂါအခံမရှိသူများလည်း ပါဝင်ကာ စစ်ဆေးမူများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားထားသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News