တိုင်းနဲ့ပြည်နယ်အများစုမှာ မိုးရွာမယ်လို့ထုတ်ပြန်၊ ရန်ကုန်နဲ့ ဧရာဝတီ မပါသေး

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနဲ့ ဒီကနေ့ မေ ၁၂ ရက် ညနေပိုင်းအထိ ခန့်မှန်းချက်များအရ တိုင်းနဲ့ ပြည်နယ် အများစုမှာ မိုးရွာသွန်းဖို့ရှိတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ကယား ပြည်နယ်မှာနေရာစိပ်စိပ်၊ မန္တလေး တိုင်း ဒေသကြီးနဲ့ ရှမ်းပြည် နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တွေမှာတော့ နေရာကျဲကျဲ ရွာသွန်းဖို့ရှိတယ်လို့ဆိုပါတယ်။

Image may contain: one or more people and outdoor

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာတော့ နေရာကွက်ကျား မိုးထစ်ချုန်းရွာဖို့ရှိတယ်လို့ မိုး/ဇလ က အသိပေးထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ညနေအထိ မိုးရွာသွန်းမယ့် ဒေသတွေထဲမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီ တိုင်းတော့ မပါဘူးလို့ သိရပါတယ်။

Image may contain: tree and outdoor

‘ ‘ မြန်မာနိုင်ငံ တောင်ပိုင်းကို မေ ၆ ကနေ ၂၁ ရက်အတွင်းမုတ်သုံဝင်မယ်လို့ ခန့်မှန်းထားတယ်။ မြစ်ဝကျွန်းပေါ်ဒေသကတော့ တောင်ပိုင်းထက်ပိုနောက် ကျမယ်။ ရန်ကုန်အပါအဝင် မြစ်ဝကျွန်းပေါ်ဒေသတွေက ပင်လယ်ကရေငွေ့ ပါတဲ့လေတွေကြောင့် ပူအိုက်တဲ့ဒဏ်ကို ပိုပြီးခံရနိုင်တယ်။ ဒီဒဏ်ကြောင့် ခုခံ အားကျနိုင်တဲ့အတွက် အသက်ကြီးပိုင်းတွေအနေနဲ့ သတိထားဖို့လိုတယ်’’လို့ မုတ်သုံဝင်ရောက်မယ့် အခြေအနေနဲ့ပတ်သက်ပြီး မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ဘီဘီစီကို ပြောထားပါတယ်။

Image may contain: sky and outdoor

ဘီဘီစီ

Facebook Comments

Burmese Online News