ဒေးဗစ်လား တည်းခိုနေသည့်ဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ထား

နာမည်ကျော်တရားဟောဆရာ ဒေးဗစ်လား Quarantine ဝင်ရောက်နေသည့် ဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ထားပြီး သတ်မှတ်ကာလပြည့်ပါက ဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်းဒေသကြီး COVID -19 အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးနိုင်ငံလင်းက ပြောသည်။

‘‘ကျွန်တော်တို့ အပြင်မှာပြောနေကြသလို ဟိုတယ်က ထွက်သွားတယ်ဆိုတာ သတင်းမှားပါခင်ဗျ။ လက်ရှိဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ချထားပါတယ်။သတ်မှတ်ကာလ ပြည့်သွားရင်တော့ ကျွန်တော်တို့ပြောထားပြီး ဖြစ်တဲ့အတိုင်း ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားပါမယ်’’ ဟု ၎င်းက ပြောသည်။

ထို့အပြင် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး ကာလအတွင်း လူစုလူဝေး ပြုလုပ်မှု ကြောင့် တရားစွဲဆိုခံ ထားရသော ဒေးဗစ်လားသည် အသွားအလာ ကန့်သတ် စောင့်ကြည့်ခြင်းကို ဗိုလ်တထောင်မြို့နယ်ရှိ City Hotel ၌ နေထိုင်လျက်ရှိရာ မေလ ၁၉ ရက်တွင်မှ သတ်မှတ်ကာလ ပြည့်မည်ဖြစ်ကြောင်း ဦးနိုင်ငံ လင်းက ဆိုသည်။

Image may contain: 2 people, people standing

ဒေးဗစ်လားနှင့်စပ်လျဉ်းပြီး ယခုရက်ပိုင်းအတွင်း ဆိုရှယ်မီဒီ ယာ၌ပျံ့နှံ့လျက်ရှိသော မြန်မာ နိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ၎င်း တို့၏နိုင်ငံသားများကို အသုတ် လိုက်ခွဲ၍ ပြန်လည်ခေါ်ယူမည် ဖြစ်ရာ မေလ ၂၂ ရက် ခရီးစဉ် တွင် ဒေးဗစ်လား၏ နာမည်ပါဝင် နေသည်ဟူသော ဖြစ်ရပ်အပေါ် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ဆက် သွယ်ထားပြီး ယင်းဖြစ်ရပ်မှန်ကန် ခြင်းရှိ၊မရှိမသိရသေးဟု ဝန်ကြီး က ထပ်လောင်းပြောကြားသည်။

အထက်ပါ အခြေအနေများ နှင့်စပ်လျဉ်းပြီး ဗိုလ်တထောင်မြို့ နယ်အုပ်ချုပ်ရေးမှူးဦးစိန်သောင်း က ‘‘ဒီပုဂ္ဂိုလ်(ဒေးဗစ်လား) ကို အ မှုဖွင့်ထားတဲ့ မရမ်းကုန်းရဲစခန်း တာဝန်ရှိသူတွေလည်း လာ ရောက်စစ်ဆေးသွားပြီ။ လုံခြုံရေး ကတော့ မြို့နယ်ရဲတပ်ဖွဲ့ကတာ ဝန်ချထားပေးပါတယ်။ နောက် တစ်ခုက သက်ဆိုင်ရာဟိုတယ်ရဲ့ လုံခြုံရေးတွေကလည်း ပူးပေါင်း ဆောင်ရွက်ပေးနေပါတယ်’’ ဟု ပြောသည်။

Image may contain: 1 person, standing

ကပ်ရောဂါကာလအတွင်း လူစုလူဝေးဦး ဆောင်ပြုလုပ်ခဲ့ သော တရားဟောဆရာ ဒေးဗစ် လားနှင့် ဦးဆောင်သူလေးဦးကို အင်းစိန်မြို့နယ်ရဲစခန်းနှင့် မရမ်း ကုန်းမြို့နယ် ရဲစခန်းတို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် အ မှုဖွင့် အရေးယူထားကြောင်း ဧပြီ ၁၄ ရက်တွင် ရန်ကုန်တိုင်းဒေသ ကြီး COVID-19 ကာကွယ်ထိန်း ချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီက ထုတ်ပြန်ခဲ့ သည်။ လူနာအမှတ် ၅၀ ဖြစ်သောဒေးဗစ်လားမှာ ၂ ကြိမ်ဆက်ပိုးကင်းစင်ကြောင်း မေ ၁ ရက်တွင် ဝန်ကြီးဌာနက ထုတ်ပြန်ပြီး မေ ၇ ရက်တွင်ဆေးရုံမှဆင်းခွင့်ရကာ ဟိုတယ်တွင် ဆက်လက်ကန့်သတ်စောင့်ကြည့်မှု ခံယူနေခြင်းဖြစ်သည်။

#7day

Facebook Comments

Burmese Online News