အင်ဒိုနီးရှား၌ အခြေခံလူတန်းစားများအတွက် ဆန်ထွက်သည့် အေတီအမ်စက်များထားရှိ

ကမ္ဘာတစ်ဝန်းဖြစ်ပွားနေသည့် COVID-19 ကြောင့် အင်ဒိုနီးရှားနိုင်ငံ၌လည်း နိုင်ငံသားသန်းပေါင်းများစွာသည် တစ်နေ့တာ ဝမ်းဝရေးအတွက် ရုန်းကန်နေရရာ အင်ဒိုနီးရှားအစိုးရသည် အခြေခံလူတန်းစားများ အဆင်ပြေရေးအတွက် ဆန်ထွက်သည့် အေတီအမ်စက်များကို စတင်တပ်ဆင်ထားရှိပေးနေပြီဖြစ်သည်။

ကျွန်မက အရင်အပတ်မှာ ကုမ္ပဏီက အထုတ်ခံရတယ်၊ ကျွန်မခင်ပွန်းလည်း နစ်နာကြေးမရဘဲ အထုတ်ခံခဲ့ရတယ်၊ ဒီကထုတ်ပေးတဲ့ ဆန်ကအများကြီးမဟုတ်ပေမယ့် ဒီလောက်ရတာကိုပဲ ကျေးဇူးတင်မိပါတယ် ဟု ဒဲပေါ့ရှိ စစ်စခန်းတစ်ခုတွင် ဆန်လာထုတ်သည့် အသက် ၂၈ နှစ်အရွယ် မိခင်လောင်း လင်ဒါ ဆယာဖရီက ပြောဆိုခဲ့သည်။

Rice ATMs' give Indonesians much-needed relief amid virus crunch ...

မြို့တော် ဂျကာတာ၌ ဆန်ထုတ်ပေးသည့် အေတီအမ်စက် ၁၀ လုံးရှိနေပြီး COVID-19 ကြောင့် နာလန်မထူနိုင်အောင် ထိခိုက်နစ်နာခဲ့သူများအား ကူညီနိုင်ရန် အစိုးရက စီစဉ်နေခြင်းဖြစ်သည်။ ဆန်ထုတ်ပေးသည့် အေတီအမ်စက်များတွင် အစိုးရကထုတ်ပေးထားသည့် ကတ်ဖြင့် ထုတ်ရခြင်းဖြစ်ပြီး တစ်ခါထုတ်လျှင် ဆန် ၁ ဒသမ ၅ ကီလိုဂရမ်ထွက်ရှိမည်ဖြစ်သည်။

Indonesia's 'rice ATMs' provide staple amid corona crunch - NewsIn ...

မြို့နေ ၁၀ဝ၀ ခန့်အတွက် တစ်ရက်လျှင် ဆန် တန် ၁ ဒသမ ၅ တန်ကို စီစဉ်ပေးရပြီး နေ့တိုင်းဖြန့်ချိနေကြောင်း စစ်တပ်အရာရှိ အီဘရာဟင်က ပြောဆိုခဲ့သည်။ အိမ်ထောင်စု ၁၀ သန်းအား အစားအစာ၊ လျှပ်စစ်ဓာတ်အားခလျှော့ချကောက်ယူခြင်းအပါအဝင် အကူအညီများပေးအပ်မည်ဖြစ်ကြောင်း အစိုးရက ကတိပြုထားသည်။ နေ့စားလုပ်သားများ၊ အလုပ်အကိုင်မရှိသူများ၊ အိမ်မပိုင်သူများနှင့်အလွန်အမင်းဆင်းရဲမွဲတေသူများသည် ဆန်ထောက်ပံ့သည့် အစီအစဉ်ကိုခံစားခွင့်ရှိနေသည်။ အင်ဒိုနီးရှား၌ မတ်လကတည်းက နိုင်ငံသား ၁၄၀ဝ၀ ခန့် COVID-19 ကူးစက်ခံခဲ့ရပြီး ၉၉၁ ဦးသေဆုံးခဲ့ပြီးဖြစ်သည်။

Indonesian Military Opens 'Rice ATM' for Poor Families in Jakarta မြန်မာတိုင်းမ်

Facebook Comments

Burmese Online News