EPC သတိပေးချက်!!! မေလ (၁၄) ရက်နေ့ ရန်ကုန်ရှိ မြို့နယ်အားလုံးနီးပါး မနက်ပိုင်း မီးပျက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင်… (၆၆) ကေဗွီ ၊ (၃၃) ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို မလ ၁၄ ရက် (ကြာသပတေးနေ့ ) တွင် မနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေပေါက်ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ မရမ်းကုန်း၊  စမ်းချောင်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ ကော့မှူး၊  ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဉက္ကံ၊ တိုက်ကြီး၊ အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်သည်။

#YESC

Facebook Comments

Burmese Online News