မန္တလေးတိုင်းဒေသကြီး အစိုးရ ကန့်သတ်ချက်အချို့ဖြေလျော့၊ ဆိုင်ထိုင်စားသောက်နိုင်သည့် စနစ် မပါဝင်သေး

ညမထွက်ရအမိန့်နဲ့ပတ်သက်လို့လည်း အခြားပြည်နယ်၊ တိုင်းများနဲ့ တပြေးညီ ည ၁၀ နာရီကနေ မနက် ၄ နာရီအစား၊ ည ၁၂ နာရီကနေ နံနက် ၄ နာရီအထိ ဖြေလျော့လိုက်ပါတယ်။ Covid-19 ရောဂါကြောင့်ထုတ်ပြန်ထားတဲ့ တားမြစ်ကန့်သတ်မှုတွေထဲကမှ အပန်းဖြေဖျော်ဖြေရေးမဟုတ်တဲ့ စီးပွားရေးလုပ်ငန်း တစ်ချို့ကို မန္တလေးတိုင်းဒေသကြီးအစိုးရက ဖြေလျှော့ပေးလိုက်တယ်လို့သိရပါတယ်။

Side effects: Covid-19 allows India a chance to lend Myanmar a hand

‘ဖျော်ဖြေရေးလုပ်ငန်းတွေ ဥပမာ ကေတီဗီ မာဆက် အပန်းဖြေစခန်းအစရှိသဖြင့်ပေါ့၊ အဲဒီလုပ်ငန်းတွေကလွဲရင် ကျန်တာတွေကို သတ်မှတ်စံချိန်စံညွှန်းတွေနဲ့အညီ ပြန်လုပ်ကိုင်စေမှာပါ’ လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တ၀န်ကြီးချုပ်ဦးဇာနည်အောင် ကပြောပါတယ်။  ပြန်လည်ခွင့်ပြုလုပ်ကိုင်စေဖို့သတ်မှတ်ထားတဲ့လုပ်ငန်းတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့စံနှုန်းသတ်မှတ်ချက်တွေ၊ Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီရဲ့ သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့အညီ စိစစ်ပြီးမှ ပြန်လည်လုပ်ကိုင်ခွင့်ပြုသွားမှာဖြစ်တယ်လို့လည်း ၄င်းကဆိုပါတယ်။

A new battle zone for the coronavirus looms: the developing world

အများပြည်သူမျှော်လင့်နေတဲ့ ဆိုင်ထိုင်စနစ်နဲ့တည်ခင်းရောင်းချတဲ့စားသောက်ဆိုင်တွေနဲ့ပတ်သက်လို့တော့ ဒီအတိုင်းပဲပါဆယ်စ နစ်နဲ့သာရောင်းချသွားကြရမှာဖြစ်တယ်လို့သိရပါတယ်။ ‘လူစုလူဝေးဖြစ်မှုကိုကာကွယ်တဲ့အနေနဲ့ စားသောက်ဆိုင်တွေကတော့ အခုကျင့်သုံးနေတဲ့အတိုင်းပဲပါဆယ်စနစ်နဲ့ပဲဆက်လက် ကျင့်သုံးကြပါ၊ မလိုအပ်ဘဲလူစုလူဝေးမဖြစ်စေဖို့ပါပဲ’ လို့ ခေတ္တ၀န်ကြီးချုပ်ကပြောပါတယ်။

မန္တလေးမြို့က COVID-19 ပိုးတွေ့လူနာ ...

ညမထွက်ရအမိန့်နဲ့ပတ်သက်လို့လည်း နေပြည်တော်ကောင်စီအပါအ၀င် ပြည်နဲ့တိုင်းဒေသကြီးအသီးသီးအတွက် Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကထုတ်ပြန်ပေးထားတဲ့ကြေညာချက်လိုပဲ အရင် ည ၁၀ နာရီမှ မနက် ၄ နာရီအထိညမထွက်ရအမိန့်အစား ည ၁၂ နာရီမှ မနက် ၄ နာရီအထိဆိုပြီး အချိန်လျှော့ချပြောင်းလဲသတ်မှတ်လိုက်တယ် လို့သိရပြီး ခရီးသွားလာခွင့်နဲ့ ယာဉ်လိုင်းတွေပြန်လည်ပြေးဆွဲခွင့်တွေကလည်း ဗဟို ကော်မတီရဲ့ညွှန်ကြားချက်အတိုင်းပဲလိုက်နာဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။

ဓူဝံ

Facebook Comments

Burmese Online News