ရန်ကုန်တိုင်း ၁၀ မြို့နယ်တွင် ရက်အကန့်အသတ်မရှိ Semi Lockdown ဆက်ချထား

ရန်ကုန်တိုင်းအတွင်း Semi Lockdown ချထားတဲ့ မြို့နယ် ၁၀ မြို့နယ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတာဖြစ်ပြီး ပြည်ထောင်စုအဆင့်က ညွှန်ကြားမှ ရုပ်သိမ်းခွင့်ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းက တောင်ဥက္ကလာ၊ ပန်းဘဲတန်း၊ ဗဟန်း၊ မရမ်းကုန်း၊ အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်တွေကို ဧပြီလ ၁၈ ရက်နေ့ကစပြီး Semi Lockdown ချထားတာပါ။ မင်္ဂလာဒုံ၊ တာမွေ၊ ဗိုလ်တထောင်မြို့နယ်တွေကိုတော့ ဧပြီ ၂၅ ရက်နေ့ကစပြီး Semi Lockdown ချထားပါတယ်။

Yangon authorities mull street lockdown over new COVID-19 patient ...

အဆိုပါမြို့နယ် ၁၀ မြို့နယ်ကို ရက်အကန့်အသတ်မရှိ ပိတ်ထားတာ ဖြစ်ပြီး ပြည်ထောင်စုအဆင့်က ညွှန်ကြားချက်ထုတ်ပြန်မှ ရုပ်သိမ်းခွင့်ရှိတယ်လို့ ပန်းဘဲတန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦး က ပြောပါတယ်။

Yangon COVID-19 prevention frustrated by administrative discord ...

အင်းစိန်မြို့နယ်မှာတော့ Semi Lockdown ချထားပေမယ့် လမ်းအလိုက် Lockdown ချထားတာတွေကိုတော့ သတ်မှတ်ကာလပြည့်ရင် ပြန်ဖွင့်ပေးနေပြီး စည်းကမ်းမလိုက်နာသူတွေကိုလည်း ဥပဒေအတိုင်း အရေးယူနေတယ်လို့ အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး က ပြောပါတယ်။

Relatives of Covid-19 patient whose case sparked hotel lockdown ...

လောလောဆယ်မှာတော့ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၄၄ မြို့မှာရှိတဲ့ ပြည်သူတွေ နေအိမ်အပြင်ထွက်ရင် နှာခေါင်းစည်းတပ်ဖို့နဲ့ မတပ်ရင် အရေးယူဖို့ အပါအဝင် အချက် ၁၀ ချက်ကို လိုက်နာဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားပါတယ်။

Number of Covid-19 infections surges to 111 in Myanmar | The Star

ရန်ကုန်တိုင်းအတွင်း ၄၅ မြို့နယ်ရှိတဲ့အထဲက ၁၀ မြို့နယ်အထိ Semi Lockdown ချထားပေမယ့် ရန်ကုန်တမြို့လုံးကို Lockdown ချဖို့ အစီအစဉ်မရှိသေးဘူးလို့ ရန်ကုန်တိုင်းအစိုးရ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒီဗွီဘီ

Facebook Comments

Burmese Online News