Grade-4နှင့်Grade-7 သင်ရိုးသစ် အွန်လိုင်းသင်တန်းကို မေ ၁၈ရက် စမည်၊တယ်လီနော အင်တာနက် ၆လ အခမဲ့အသုံးပြုခွင့်ပေး

မေ ၁၈ ရက်တွင် Grade-4 နှင့် Grade-7 ဆရာကိုင် သင်ရိုးသစ် အွန်လိုင်းသင်တန်းများကို တစ်နိုင်ငံလုံးရှိ ဆရာ၊ ဆရာမများအား ပို့ချပေးမည်ဖြစ်ပြီး ထိုရက်တွင် သင်ရိုးနှင့်ပတ်သက်ပြီး အများသူငှာသိရှိစေရန် မီဒီယာများ မှတစ်ဆင့် ထုတ်ပြန်ပေးသွားမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

လေရူးသုန်သုန်: ကျောင်းအပ်ချိန် ...

မေ ၁၁၊ ၁၂ရက်နှင့် ၁၅ရက်တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းနှင့် ပြည်နယ်နှင့် တိုင်း တစ်ခုလျှင် ဆရာ၊ဆရာမ ၆ဦး စုစုပေါင်း ဦးရေ ၁၀၀ ကျော်ဖြင့် Myanmar Digital Education Platform (MDEP)ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ အွန်လိုင်း ဝက်ဘ်ဆိုက် အသုံးပြုပုံ၊ DBE Boxမှတစ်ဆင့်အသုံးပြုပုံ၊ သင်ယူမှု၊ သင်ကြားနည်းပညာများနှင့် အခြားအခက်ခဲများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

Myanmar Local News: 02/18/13

ဆရာ၊ဆရာမများဘက်မှ တင်ပြလာသည့် အချက်များအား ပြင်ဆင်ပြီးပါက လာမည့် တနင်္လာနေ့တွင်(၁၈ရက်)တွင် 0nline နှင့် Offline နှစ်ရပ်စလုံး အသုံးပြုနိုင်မည့် MDEP စနစ်ကို မိတ်ဆက်ပေးမည်ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။“မနက်အစည်းအဝေး တစ်ရက်ကျန်သေးတယ်။ အဲမှာ ဆရာ၊ဆရာမတွေဘက်က အခက်ခဲတွေ ပြောကြမယ်။ ပြင်ဆင်ဖို့ရှိရင်လည်း ၂ရက်နဲ့ပြီးပါတယ်။ ၁၈ရက်နဲ့ အလွန်ဆုံး ၁၉ရက်လောက်ဆိုရင် Grade-4 နှင့် Grade-7 သင်တန်း စဖို့ ရှိပါတယ်’’ဟု ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

ကျောင်းရွေးလို့ ပြီးပြီလား | Kumudra

အင်တာနက်မလိုဘဲ Offlineဖြင့် အသုံးပြုမည်ဆိုပါက မိမိကျောင်းတွင် ပညာရေးဝန်ကြီးဌာနက တပ်ဆင်ပေးထားသော DBE Box ရှိရမည်။ယင်း DBE Box ရှိသူများက ဖုန်း Hot Spot ဖြင့်ချိတ်ဆက်ပြီး အသုံးပြုရသည်။ ယင်းစက်ကို ၂၀၁၉ နှစ်ကုန်ပိုင်းက နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိကျောင်း ၆၀ တွင် စမ်းသပ် တပ်ဆင်ခဲ့ကာ စုစုပေါင်း စက် ၁၂၀ တပ်ဆင်ထားသည်။ ယခုနှစ်ပိုင်းအတွင်း ကချင်၊ ကရင်နှင့် ရှမ်းတောင်ပိုင်းရှိ ကျောင်း ၁၀၀ တွင် DBE Box တပ်ဆင်သွားမည်ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။

ပညာရေးကောလိပ် ၂၃ ကျောင်းမှ နှစ်စဉ် ...

Grade-4 နှင့် Grade-7 ဆရာကိုင်သင်ရိုးသစ် အွန်လိုင်းသင်တန်းတက်ရောက်မည့် ဆရာ၊ဆရာများအား တယ်လီနောအင်တာနက် ၆လ အခမဲ့သုံးစွဲခွင့် ပေးထားမည်ဖြစ်သည်။ အခမဲ့ဒေတာဟုဆိုသော်လည်း ကန့်သတ်ချက်ရှိ ကြောင်း၊ ဝက်ဘ်ဆိုက်နှင့် ဗီဒီယို ကလစ်များ ကြည့်ရှုရန် မဂ္ဂါဗိုက်နှင့်ဖြစ်စေ၊ အခြားပုံစံ တစ်ခုခုနှင့် ဖြစ်စေလည်း ဖြစ်နိုင်ကြောင်း ဒေါက်တာတင်မောင်ဝင်းက ပြောသည်။

အခြေခံပညာ ကျောင်းသား ကျောင်းသူတွေ ...

“တယ်လီနောက သူလိုင်းအားနည်းနည်း ပိုလည်းကောင်းသလို နေရာအတော်များများမှာ သုံးလို့ရတယ်။ ဇီးရိုး ဒေတာပုံစံ မျိုးသုံးရမှာပါ။ ဒေတာ ကန့်သတ်ချက် အနေနဲ့က တစ်ရက်ကို မဂ္ဂါဗိုက် ဘယ်လောက်ပေးမယ်ဆိုပြီး သတ်မှတ်နိုင်သလို အခြားပုံစံတစ်ခုခုလည်းဖြစ်နိုင်တယ် အသေးစိတ်ကို ဝက်ဘ်ဆိုက်မှာ ကြေညာပေးပါမယ်’’ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။

အခြေခံပညာကျောင်းစာသင်ချိန်တိုးမှု ...

ယခုနှစ်တွင် သင်ရိုးသစ် အတန်း ၃ တန်းပြောင်းလဲထားပြီးGrade-10 သင်တန်းကို နောက်ဆုံးမှသာ ခေါ်ယူမည်ဖြစ်သည်။ Grade-4 နှင့် Grade-7 ဆရာကိုင် သင်တန်းပြီးသော အချိန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်ခြစ်ပြီးစီးချိန်နှင့် အချိန်ကိုက်ခေါ်ယူခြင်းဖြစ်ပြ်ီး ထို့နောက် Grade-10 သစ်ရိုးသစ် အွန်လိုင်းသင်တန်းတက်ရမည်ဟု ဒေါက်တာ တင်မောင်ဝင်းက ပြောသည်။

၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် မုံရွာ ...

သင်ရိုးသစ် အွန်လိုင်းသင်တန်းများပြီးဆုံးလျှင် ဘာသာရပ်အလိုက်သင်ကြားရမည့် လက်တွေ့ သင်ခန်းစာများကို နည်းပြများနှင့် မျက်နှာချင်းဆိုင် စာသင်ခန်းအတွင်း သင်ကြားရဦးမည်ဖြစ်ပြီး နှစ်ပတ်အချိန်ယူသော ထိုသင်တန်းကို ၅ ရက်သာ တက်ရမည်ဟု ဒေါက်တာတင်မောင်ဝင်းကပြောသည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News