mask တပ်ပြီး ပြင်းထန်သည့် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများမလုပ်သင့်ကြောင်းကို ကြောက်မက်ဖွယ်ဖြစ်ရပ်နှင့်အတူ သက်သေပြခဲ့သည့် တရုတ်နိုင်ငံသား

ကိုဗစ်-၁၉ ကြောင့် Mask တပ်တာဟာ တကမ္ဘာလုံးမှာ ယဉ်ကျေးမှုတစ်ခုလိုဖြစ်လာခဲ့ပြီး WHO အပါအဝင် ကျန်းမာရေးအဖွဲ့အစည်းများအားလုံးကလည်း အပြင်ထွက်မယ်ဆိုရင် မဖြစ်မနေ Mask အသုံးပြုဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။ လူတော်တော်များများဟာ ကူးစက်ခံရမှာကြောက်တဲ့အတွက်ကြောင့် လူထူထပ်တဲ့နေရာတွေကိုသွားမယ်ဆိုရင် မဖြစ်မနေ mask ကို တပ်ဆင်ကြပါတယ်။ ဒါပေမယ့် ဒီလိုအသုံးပြုတဲ့နေရာမှာ မှန်ကန်သောနည်းလမ်းနဲ့ တပ်ဆင်ရမှာဖြစ်သလို၊ လွဲမှားစွာအသုံးချခဲ့ပါက ရောဂါကူးစက်ခံရမည်အပြင် တခြားမလိုလားအပ်သည့် ကျန်းမာရေး ပြသာနာတွေပါ သေချာပေါက်ကြုံတွေ့ရမှာပါ။

Should You Wear a Surgical Mask? Read the Latest Guidelines | Allure

ကိုဗစ်-၁၉ ကို မွေးဖွားပေးခဲ့တဲ့ တရုတ်နိုင်ငံ၊ ဝူဟန်ပြည်နယ်မှာတော့ ခပ်ဖွဖွပြေးတဲ့လေ့ကျင့်ခန်း (Jogging) လုပ်တဲ့ အသက် ၂၆ နှစ်အရွယ် တရုတ်အမျိုးသား မစ္စတာရှန်ဖျင်း(နာမည်လွှဲ) က maskကို လွဲမှားစွာ အသုံးချခဲ့တာကြောင့် ဆေးရုံတက်ရောက်ပြီး ဆေးကုသမှုခံယူနေရပါတယ်။ ဒီအကြောင်းလေးကို အသေးစိတ်ဖော်ပြပေးချင်ပါတယ်။ mask တပ်ရတာဟာ အသက်ရှူကျပ်သလို၊ အချိန်ကြာလာသည့်နှင့်အမျှ သက်တောင့်သက်သာမဖြစ်သောကြောင့် တချို့သောလူများဟာ အပြင်ထွက်ရင်တောင် mask မတပ်ပဲ ထွက်ကြပါတယ်။ ဟုတ်ပါတယ်။ ဒါဟာ အမှန်တရားတစ်ခုပါပဲ။ ပင်ပင်ပန်းပန်းလှုပ်ရှားနေရတဲ့ ကာယလုပ်သားတွေမှာတော့ mask အသုံးပြုတာဟာ အတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ နှောင့်ယှက်မှုတစ်ခုပါပဲ။

How to wear a disposable face mask the right way and make it fit ...

ပြီးခဲသည့် အပတ် ကြာသပတေးနေ့က ဝူဟန်မှာနေထိုင်တဲ့ မစ္စတာရှန်ဖျင်းဟာ maskတပ်ပြီး ခပ်ဖွဖွ အပြေးလေ့ကျင့်ခန်းလုပ်နေပါတယ်။mask ဟာ အသက်ရှူကျပ်အောင်လုပ်နေသော်လည်း မစ္စတာရှန်ဖျင်းကတော့ ဒါကို ဂရုမစိုက်ပဲ လေ့ကျင့်ခန်းကို ဆက်လုပ်နေပါတယ်။ဒါပေမယ့် လေ့ကျင့်ခန်းလုပ်ပြီး အချိန်အနည်းငယ်အကြာမှာတော့ ရင်ဘတ်က စူးပြီးအောင့်လာတာကြောင့် ဝူဟန်ဆေးရုံကို အလျှင်အမြန်ပို့လိုက်ရပါတယ်။ မစ္စတာရှန်ဖျင်းဟာ အပြေးလေ့ကျင့်ခန်းကို ပုံမှန်လုပ်နေကြ ၃ ကီလိုမီတာအစား ၆ ကီလိုမီတာလုပ်ဖို့ သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးလုပ်ဆောင်စေခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးသွားခဲ့တာက ၄ ကီလိုမီတာမှာတင် ဘယ်လိုမှမရတော့ပဲ ရင်ဘတ်အောင့်လာတာကြောင့် ဆေးရုံကို အပြေးအလွှားတင်လိုက်ရပါတယ်။

Chinese hospital warns against wearing masks while exercising ...

mask တပ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အကျိုးဆက်ကြောင့် သူ့ရဲ့ ဘက်ဖက် အဆုတ် ၃ ပုံ ၂ပုံဟာပျက်စီးသွားတယ်ဆိုတာကို ဓာတ်မှန်ရိုက်တဲ့အခါမှာ သိလိုက်ရပါတယ်။ ဝူဟန်မြို့ရဲ့ စီနီယာသမားတော် ဒေါက်တာချမ်းက mask ဟာ မစ္စတာရှန်ဖျင်းရဲ့ အဆုတ်ကို ဖိအားပေးခဲ့သလို၊ အောက်စီဂျင်မပြည့်ဝတဲ့အတွက်ကြောင့် အဆုတ်ဟာ ပျက်စီးခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။ နောက်ထပ်ပြီး ဒေါက်တာချမ်းက ဒီလိုမျိုး အဆုတ်ရောဂါအခံရှိတဲ့ ရောဂါသည်များအနေဖြင့် Mask တပ်ပြီး ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားမှုတွေကို လုံးဝမလုပ်သင့်ကြောင်း အကြံပြုစကားဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မစ္စတာရှန်ဖျင်းဟာ ခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ကောင်းမွန်တည်ငြိမ်သည့်အခြေအနေကိုရောက်နေပြီဖြစ်ကြောင်း ဒေါက်တာချမ်းက အတည်ပြုပြောခဲ့ပါတယ်။

Daily mail

Facebook Comments

Burmese Online News