ကိုဗစ်ကို တွန်းလှန်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရင်တွင်းက အမှန်တရားစကားများ

ကိုဗစ်ကို ရတဲ့နည်းနဲ့ တွန်းလှန်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲက အမှန်တရားစကားများ…

ဘုန်းတော်ကြီးတွေကပြောတယ် “လူတွေဒုက္ခရောက်နေပြီ၊ ရအောင်ကယ်ကိုကယ်မယ်”တဲ့…. ပြည်သူ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောတယ် “ကျမတို့အစိုးရကတော့ ပြည်သူတစ်ယောက်ချင်းကိုတန်ဖိုးထားပြီး အကောင်းဆုံးစောင့်ရှောက်သွားဖို့ သန္နိဌာန်ချထားပါတယ်…. တည်တည်ငြိမ်ငြိမ် စည်းကမ်းလိုက်နာခြင်းနဲ့ ပြည်သူအားလုံး ကျမတို့ကို ကူညီပေးကြပါ” တဲ့…

ဆေးဝန်ထမ်းတွေကပြောတယ် “ငါတို့သေကာမှသေရော၊ လူနာတွေတော့မသေစေရဘူး”တဲ့…ဝန်ထမ်း‌တွေကပြောတယ် “ငါတို့ကူနေတာတွေ မီဒီယာမှာမပါလည်း အရေးမကြီးပါဘူးကွာ၊အားလုံးအဆင်ပြေဖို့ အရေးကြီးပါတယ်”တဲ့

လုပ်ငန်းရှင်တွေ ကပြောတယ် “စည်းစိမ်ဟာပြန်ရှာလို့ရတယ်၊ ငါတို့တိုင်းပြည်ဒုက္ခရောက်နေတာတော့ ကြည့်မနေနိုင်ဘူး”တဲ့ ဟိုတယ်ပိုင်ရှင်တွေ ကပြောတယ် “စောင့်ကြည့်လူနာတွေနေဖို့ခက်ကုန်ပြီ၊ ဒို့ ဟိုတယ်တွေယူသုံးလိုက်ပါ”တဲ့..

ပရဟိတသမားတွေကပြောတယ် “မောနေပြီ ဒါပေမဲ့မတတ်နိုင်ဘူး၊ ပြည်သူပြည်သားတွေငတ်မှာတော့ ထိုင်မကြည့်နိုင်ဘူး၊ ရှိတဲ့အား တော့သုံးရမှာပဲ”တဲ့၊ ရတဲ့ပစ္စည်းနဲ့ စက်ကရိယာတွေတီထွင်နေတဲ့ လူငယ်‌လေးတွေကပြောတယ်~ ထမင်စားချိန်မမှန်တာအရေးမကြီးဘူး၊ ဒါလေးအောင်မြင်ရင် အားလုံးအဆင်ပြေပြီ”တဲ့..

အသက်ရှုစက်အတွက် လုံးပမ်းနေတဲ့ ဆရာတွေကပြောတယ်~ “အိပ်ချိန်မရှိသလောက်ပါပဲ၊ ဒီစက်လေးရရင်လူနာတွေအသက် ရှုနိုင်ပါစေတော့”တဲ့…၊ အဆိုတော်တွေ ကပြောတယ် ပြိုင်နေတာ မဟုတ်ပါဘူးကွာ၊ သီချင်းလေးတွေနဲ့တတ်သလောက် ပညာကူပေးနေတာပါ၊ စိတ်လေးတွေသက်သာပါစေ တော့ဆိုပြီး”တဲ့..

တရားသမားတွေကပြောတယ် “ရွတ်ကြပါ ဖတ်ကြပါ၊လူနာတွေအကုန် အသက်ရှင်ပါစေ”တဲ့.. ငွေကူဖို့ မလွယ်တဲ့လူတွေကပြောတယ် “ကူဖို့ပိုက်ဆံမရှိပေမဲ့ ကူဖို့အားတွေရှိတယ်၊သယ်ပေးမယ် ကူပေးမယ်၊ငါတို့ အား တွေသုံးပါ”တဲ့..

ဆန်ဝေနေသူတွေကို ဖိနပ်တောင်မပါတဲ့ ကလေးတွေက ပြောတယ် “ကူသယ်ပေးပါရစေဦးဦးရယ် သားတို့်ကူချင်လို့ပါ”တဲ့.. ၊ Covid 19က…”ငါမှားပြီ- ဆင်းရဲတဲ့ တိုင်းပြည်မို့ အထင်သေးခဲ့တာ ဒီတိုင်းပြည်ဟာ ကမ္ဘာမှာ စိတ်ဓါတ်အချမ်းသာဆုံး တိုင်းပြည်”တဲ့.. ဖျက်ဆီးရန်လုံးဝ(လုံးဝ)မသင့်တဲ့လေ..

မင်းမဟာ

Facebook Comments

Burmese Online News