ကျောင်းဖွင့်ရန်ရှိသဖြင့် ကျောင်း ၆၀၀၀ ကျော် ပိုးသတ်ပြီး ဇွန် ၁၅ရက် အပြီးအပ်ရန် ညွှန်ကြား

အခြေခံပညာကျောင်းများအား ၂၀၂ဝပြည်နှစ် ဇူလိုင်လအတွင်းပြန်လည် ဖွင့်လှစ်ရန်ရှိသဖြင့် နေပြည်တော် ကောင်စီ အပါအဝင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွင်း Community Based Facility Quarantine ဖွင့်လှစ်ထားသော ကျောင်း ၆၀၂၁ ကျောင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ပိုးသတ်ဆေးဖျန်း၍ ဇွန် ၁၅ ရက်အပြီး ပညာရေးဝန်ကြီးဌာနသို့ ပြန်လည် လွှဲပြောင်းပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက မေ ၁၃ ရက်တွင် အကြောင်းကြားစာ ထုတ်ပြန်လိုက်သည်။

သင်ရိုးသစ်ဖြင့် စတင်သင်ကြားမည့် ...

“စာအရဆိုရင်တော့ ဇူလိုင် ၁၅ရက်နောက်ပိုင်းမှာ ကျောင်းဖွင့်မယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ အဆင်သင့်ဖြစ် နေအောင် ကော်မတီက ညွှန်ကြားတာဖြစ်လိမ့်မယ်။ ကျွန်တော်လည်း ဒီစာကို ခုနကမှ လိုင်းပေါ်ကနေ ဖတ်လိုက်ရတယ်။ ကျွန်တော်တို့ဆီတော့တရားဝင် စာမရောက်သေးဘူး’’အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမောင်ဝင်းကပြောသည်။

စာသင်ကျောင်းများကို လူ့အဖွဲ့အစည်း ...

နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်များအတွင်း Community Based Facility Quarantine ဖွင့်လှစ်ထားသော အခြေခံပညာကျောင်းများတွင် Quarantine ဝင်ရောက်နေသူများမှလွဲ၍ ထပ်မံ Quarantine ထားရှိရန် လိုအပ်မည့်သူများကို အစိုးရရုံးအဖွဲ့ပိုင်အဆောက်အအုံများနှင့် တက္ကသိုလ် ကောလိပ်အဆောက်အအုံများတွင်သာ နေရာချထားရန် ညွှန်ကြားထားသည်။

The price of education | The Myanmar Times

COVID-19ရောဂါကြောင့် ကျောင်းများ အမြဲပိတ်ထား၍မရဘဲ သင်ယူမှု၊ သင်ကြားမှုပုံစံပြောင်းလဲပြီး ကျောင်းများဖွင့်လှစ်ရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မေ ၁၂ရက် တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်မှတစ်ဆင့်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံရှိစာသင်ခန်းတွင် ကျောင်းသားအလွန်ပြားပြီး ယခင်တစ်တန်းတည်းနှင့် ပြီးနိုင်သည့်နေရာတွင် ယခုအခါ ကျောင်းသားတစ်ဦးနှင့် တစ်ဦး ခပ်ခွခွာ စာသင်ရမည့် စနစ်ကို ကျင့်သုံးရမည့်ဖြစ်သောကြောင့် သုံးတန်း သို့မဟုတ် စာသင်ခန်းသုံးခန်း ဖြစ်လာနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

မြန်မာတိုင်းမ်

Facebook Comments

Burmese Online News