ကိုဗစ် ထိန်းချုပ်နိုင်သဖြင့် Lockdown များ ပယ်ဖျက်ပြီး လုပ်ငန်းအများစု ပြန်စတင်ခွင့်ပြုတော့မည်

မန်မာပြည် ကိုဗစ်ကို ထိန်းချုပ်လာနိုင်သဖြင့် Lockdown များ ပယ်ဖျက်ပြီး လုပ်ငန်းအများစု ပြန်စတင်ခွင့်ပြုတော့မည်…

လက်ရှိအနေအထားအရ ပိုးတွေ့လူနာအခြေအနေက ထိန်းချုပ်နိုင်နေဆဲ ဖြစ်တာကြောင့် မေလ ၁၅ ရက်ထိ ထုတ်ပြန်ထားတဲ့ အမိန့်ကို နောက်ထပ် သက်တမ်းတိုးဖွယ် မရှိတော့ပါ။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်များနှင့် အညီ ၁၆ ရက်နေ့ကစပီး လုပ်ငန်းအများစုကို ပြန်လည်စတင်ခွင့်ပြုပါလိမ့်မယ်။ နယ်စပ်ဒေသတွေ Visa ကိစ္စတွေကတော့ မသိသေးပါဘူး။ ဆက်ပိတ်ထားဖို့ များပါတယ်။

ဒါ့အပြင် Semi Lockdown ချထားတဲ့ ရန်ကုန်တိုင်းထဲက မြို့နယ် ၁၀ ခု အနက် ၄ မြို့နယ် (မင်္ဂလာဒုံ၊ လှိုင်သာယာ၊ရွှေပြည်သာနဲ့ ဗိုလ်တထောင်) တွေကို Lock down အမိန့်ကို အနည်းငယ်ဖြေလျှော့ပေးဖို့ ဆွေးနွေးနေပါတယ်။ စားသောက်ဆိုင်နဲ့ လက်ဖက်ရည်ဆိုင်တွေ အပါအဝင် ဆိုင်တွေကတော့ လက်ဆေးဖို့ စီစဉ်ပေးရတာ။ Mask တပ်ခိုင်းရမှာနဲ့ Social Distancing ကို လိုက်နာပေးဖို့တော့ လိုအပ်ပါတယ်။လူစုဝေးမှုများနိုင်တဲ့ ဘီယာဆိုင်တွေနဲ့ နိုက်ကလပ်တွေလို လုပ်ငန်းမျိုးကိုတော့ ဆက်ပိတ်ထားပါဦးမယ်။ ညမထွက်ရအမိန့်ကတော့ ဆက်ရှိနေမှာဖြစ်ပီး တိုးတက်မှုတွေ ဆက်ရှိလာရင် အချိန်လျှော့ဖို့တော့ (ည ၁၂ – မနက် ၄) စီစဉ်နေပါတယ်။ စည်းကမ်းတကျနဲ့ ဆက်လက်ချီတက်ကြပါစို့။

Facebook Comments

Burmese Online News