ရုရှားသမ္မတပူတင်ကို အထူးကာကွယ်ပေးထားတဲ့ အလန်းစား ကိုဗစ် ကာကွယ်ရေးစနစ်

ဘယ်ကိစ္စပဲ ဖြစ်ဖြစ် စမတ်ကျကျ နေတတ်တဲ့ ရုရှားသမ္မတ ပူတင်ရဲ့ အမိုက်စား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး စနစ်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ကိုရိုနာဗိုင်းရပ်စ် မကူးစက်စေနိုင်ရန်အတွက် အထူးပိုးသတ်ဥမင်လိုဏ်တစ်ခုနဲ့ ကာကွယ်ပေးထားပါတယ်။ ပန်ဇာမြို့ အခြေစိုက် ရုရှားကုမ္ပဏီတစ်ခုက ထုတ်လုပ်ပေးထားတဲ့ အဲဒီဥမင်လိုဏ်ခန်းကို မော်စကိုမြို့ပြင်က ပူတင်ရဲ့ တရားဝင် Novo-Ogarypvo စံအိမ်မှာ တပ်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။

ပူတင်ကို လာတွေ့သူမှန်သမျှ အဲဒီ ဥမင်လိုဏ်ကို ဖြတ်သန်းဝင်လာရမှာဖြစ်ပြီး ဝင်လာတဲ့သူတိုင်းကို အလိုအလျောက် ပိုးသတ်ဆေးဖြန်းပေးတဲ့ စနစ်ကိုလည်း တပ်ဆင်ထားပါတယ်။ ဥမင်ထဲ ဝင်လာသူတိုင်းရဲ့ မျက်နှာကို မှတ်ထားတဲ့ နည်းပညာ ပါဝင်တဲ့အပြင် လာသမျှ လူတိုင်းကိုလည်း ကိုယ်အပူချိန် အလိုအလျောက် တိုင်းပေးနိုင်တယ်လို့ သိရပါတယ်။အထူး ဥမင်လိုဏ်ခန်းက ရုရှားနိုင်ငံရဲ့ ခေါင်းဆောင်ကြီးနဲ့ သူ့ဆီလာကြတဲ့ ဧည့်သည်တော်ကြီးတွေကို ဗိုင်းရပ်စ်ပိုးကနေ လုံခြုံမှု အပြည့်အဝ အာမခံပေးနိုင်တယ်လို့ ထုတ်လုပ်သူများက ညွှန်းဆိုထားကြပါတယ်။

ပူတင်ဟာ ကိုဗစ်ကပ် ရောဂါ ကာလအတွင်း မော်စကိုမြို့ပြင်တွင် သီးခြားနေထိုင်လျက် ရှိသော်လည်း ဇွန်လ ၁၂ ရက်နေ့က အခမ်းအနားတခုတွင် နှာခေါင်းစည်း (Mask) မတပ်ဘဲ လူကြားထဲ လာရောက်ခဲ့ပါတယ်။

လက်ရှိအချိန်ထိ ရုရှားနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူဦးရေ ၅ သိန်းခွဲကျော် ရှိနေပြီဖြစ်ကာ အမေရိကန်နဲ့ ဘရာဇီးပြီးရင် ကမ္ဘာမှာ တတိယမြောက် ပိုးကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေပါတယ်။ ဗိုင်းရပ်စ်ကြောင့် သေဆုံးဦးရေကတော့ ၇၄၀၀ ကျော်ရှိနေတယ်လို့  သိရပါတယ်။

Facebook Comments

Burmese Online News