အင်းဝတံတားပေါ်က ခုန်ချသွားတဲ့ အမွှာညီအစ်မ နှစ်ဦးထဲက အမကြီးဖြစ်သူကို ယနေ့ ရှာဖွေတွေ့ရှိ

အင်းဝတံတားမှ ခုန်ချခဲ့သော အမွှာညီအမနှစ်ဦး အနက် အကြီးမဖြစ်သူအား၂၅ရက်အကြာ ဧရာဝတီမြစ်၊ ပေါက်လှကျွန်းအနီးပြန်လည်တွေ့ရှိ

Image may contain: one or more people, outdoor, nature and water

မေ ၂၄ တွင် အင်းဝတံတားပေါ် မှ ပျောက်ဆုံးသွားသောအမွှာညီအမနှစ်ဦးအနက်အငယ်ဖြစ်သူ မခိုင်ဆုဝေ ၏ ရုပ်အလောင်းအား မေ ၂၆ နံနက် ၁၁ နာရီကျော် ဧရာဝတီမြစ်ရိပ်သာကျွန်းအနီးတွေ့ရှိ၍ အရေးပေါ်ကယ်ဆယ်ရေးရေပြင်ရှာဖွေရေး ရေယာဉ်ဖြင့်ရုပ်အလောင်းအား သွားရောက်ဆယ်ယူကာ အိုးဘိုနာရေးယာဉ်ဖြင့် စစ်ကိုင်း ခုတင်၂၀၀ဆေးရုံသို့‌ပို့ဆောင်ပေးခဲ့ပြီး ကျ‌န်ရှိသော မငြိမ်းဆုဝေအား ရေပြင်ရှာဖွေရေး ဆက်လက်ဆောင်ရွက်ခဲ့သော်လည်း ရှာဖွေတွေ့ရှိခြင်းမရှိခဲ့ဘဲ……

Image may contain: 4 people, people sitting and outdoor

ယနေ့ ဇွန် ၁၈ မွန်းလွဲ ၄နာရီ တွင် ဧရာဝတီမြစ်‌အတွင်း၊ပေါက်လှကျွန်းအနီး အမျိုးသမီးအလောင်းတလောင်း ပေါ်နေကြောင်းသတင်းရသဖြင့် စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့ ၊မီးသတ်တပ်ဖွဲ့ နှင့် အတူ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စစ်ကိုင်းမှ သွားရောက်သယ်ယူခဲ့ရာ မငြိမ်းဆုဝေ ရုပ်အလောင်းအဖြစ်အတည်ပြုနိုင်ခဲ့ ကာ စစ်ကိုင်းကမ်းနားလမ်း၊တာဝါဆိပ်သို့ သယ်ဆောင်ကာ အိုးဘိုနာရေးယာဉ်ဖြင့် စစ်ကိုင်း ခုတင်၂၀၀ဆေးရုံသို့‌ပို့ဆောင်ပေးခဲ့ပါတယ် ခင်ဗျာ ။

Image may contain: 1 person, standing and outdoor

Facebook Comments

Burmese Online News