ကိုဗစ်ကြောင့် ကျောင်းသင်ခန်းစာများ ကို လျှော့ချ၊ကျူရှင်များ လုံးဝဖွင့်ခွင့်မပြုသေး

ကို ဗစ်ကြောင့် စာသင်ချိန်နောက်ကျနေတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေအောင် အခြေခံပညာ အတန်းအားလုံးရဲ့ သင်ခန်းစာတွေကို လျှော့ချလိုက်တယ်လို့ အမျိုးသားလွှတ်တော်ပညာရေး မြှင့်တင်မှုကော်မတီက သိရပါတယ်။ လက်ရှိအချိန်တွင် ကျောင်းသုံးစာအုပ်တွေ ထုတ်ဝေပြီးစီးသွားပြီဖြစ်ပြီး ကျောင်းတွေကို ဖြန့်ဝေပေးနေပြီလို့ သိရပါတယ်။

Inside the Tatmadaw's schools | Frontier Myanmar

“သင် ခန်းစာတွေတော့ လျှော့လိုက်တယ်။ ဘယ်နှစ်ခန်းလျှော့တယ်ဆိုတာတော့ ပြီးခဲ့တဲ့နှစ်ကစာအုပ်နဲ့ တိုက်ကြည့်ရဦးမယ်။ အင်္ဂလိပ်စာကတော့ လုံးဝပြောင်းသွားတယ်။”လို့ အလယ်တန်းပြ ဆရာမတစ်ယောက်က ပြောပါတယ်။

Education | UNICEF Myanmar

အထက်တန်းနဲ့ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းတွေကို ဇူလိုင်လ(၂၁)ရက်ကစပြီး ပြန်ဖွင့်တော့မှာဖြစ်သလို နောက်တစ်ပတ်အကြာမှာတော့ အလယ်တန်းတွေဖွင်သွားမှာဖြစ်ပြီး မူလတန်းတွေကို အဲဒီနောက်ပိုင်းမှာ ဆက်လက်ဖွင့်သွားမှာ ဖြစ်ပါတယ်။ ကျူရှင်တွေကိုတော့ ကိုဗစ်ကာလမှာနေထိုင်ရမယ့် အကွာအဝေးသတ်မှတ်ချက်ရှိနေတာကြောင့် ပြန်ဖွင့်ခွင့်ပြုဦးမှာမဟုတ်ဘူးလို့လည်း သိရပါတယ်

Inclusive and quality basic education | UNICEF Myanmar

Facebook Comments

Burmese Online News