ဆရာဒေးဗစ်လား နှင့် ဦးဝေထွန်းတို့အား ထီးများဖြင့်ကာရံပြီးရုံးထုတ်

လူစုလူဝေးမလုပ်ရသောကာလ‌တွင်လူစု‌လူဝေးမပြုလုပ်ရဟူသောညွှန်ကြားချက်ကိုလိုက်နာခြင်းမရှိဘဲ ဘာသာရေးပွဲပြုလုပ်ခဲ့သောကြောင့် သ‌ဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥ‌ပေဒပုဒ်မ၂၅နှင့်တရားစွဲဆိုထားသည့်ခရစ်ယာန်တရားဟောဆရာဦးစောဒေးဗစ်လားနှင့်ဦး‌ဝေထွန်း(နဝရတ်တေးသံသွင်း)တို့ကို ဇွန်လ၃၀ရက်နေ့တွင် မရမ်းကုန်းမြို့နယ်တရားရုံးတွင် ၈ကြိမ်‌မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။

စောဒေးဗစ်လားနှင့် ဦးဝေထွန်းတို့ကို ၎င်းတို့ကို ခေါ်ဆောင်လာသည့်ကားကို တရားရုံးဝင်းအတွင်းအထိ မောင်းနှင်ကာ ထီးများဖြင့် ကာရံ၍ရုံးထုတ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ သည် မည်သူမဆို ဆန်းစစ်ချက်မပြုလုပ်ဘဲ ပေါ့ဆစွာ ဆောင် ရွက်မှု တစ်ခုခုကြောင့်ဖြစ်စေ၊ သဘာဝဘေး အန္တရာယ်ဖြစ်ပေါ်လျှင် သို့မဟုတ်ဖြစ်ပေါ် စေရန် အကြောင်းရှိလျှင် ထိုသူကို သုံးနှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အ ပြင် ငွေဒဏ်ကိုလည်း ချမှတ်နိုင်သည်ဟု ဥပဒေတွင် ဖော်ပြထားသည်။

#wemedia

Facebook Comments

Burmese Online News