ဖားကန် ဝှေခါ နွံကန်ပြိုကျမှုကြောင့် လူ အယောက်(၂၀၀) ကျော် နစ်မြုပ်ပြီး အလောင်း ( ၆၀ ) ကျော်ပြန်တွေ့

ဖားကန့်ရှိ ဝှေခါနွံကန်ပြို ကျမှုကြောင့် လူရာချီ သေဆုံးနိုင်

ဖားကန့်မြို့နယ် ၊ ဝေခါ‌ကျေးရွာ မှာ ဒီနေ့ဇူလိုင် ( ၂ )ရက် ၊ မနက်( ၇ )နာရီ ဝန်းကျင် က မြေစာပုံပြိုကျလို့ ရေမဆေးကျောက်ရှာသူ ( ၂၀၀ ) ဝန်းကျင်နစ်မြုပ်သွား တယ်လို့ ကျေးရွာ တာဝန်ခံ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ဆီ က သိရ ပါ တယ် ။

ဖားကန့်ရှိ ဝှေခါနွံကန်ပြို ကျမှုကြောင့် လူရာချီ သေဆုံးနိုင်

“လှိုင်းခတ်ပြီးတော့ ဒီဘက်က ကျောက်ရှာသူတွေ နစ်မြုပ်သွား တာ ။ အခု အယောက် ( ၆၀ )ကျော်ပြန်တွေ့ပြီ ။” ဝေခါကျေးရွာ တာဝန်ခံ ဦးကျော်မင်းက O Media ကို ပြောပါတယ်။

ဖားကန့်ရှိ ဝှေခါနွံကန်ပြို ကျမှုကြောင့် လူရာချီ သေဆုံးနိုင်

မနေ့ညကတည်းက မိုးအဆက်မပြတ်ရွာနေခဲ့တာကြောင့် ဒီမနက်မှာ မြေသားအိပြီးပြိုကျတာလို့လည်း ဒေသခံတွေက သုံးသပ်ကြပါတယ်။

အဲဒီမြေစာပုံပြိုကျတဲ့နေရာ ကို ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နဲ့ ဒေသခံလူမှုကူညီရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်‌ရေး တွေ လုပ်ဆောင်နေတယ် လို့ သိရပါတယ်။

ဖားကန့်ရှိ ဝှေခါနွံကန်ပြို ကျမှုကြောင့် လူရာချီ သေဆုံးနိုင်

“နည်းနည်းတော့ များတယ်။ ဖော်လို့မရတဲ့ လူတွေတော်တော်များတယ် ။ “နွံကန်ပြိုကျတဲ့နေရာ မှာ ဖားကန့်မြို့နယ်က ဌာနဆိုင်ရာတာဝန်ရှိသူ‌တွေ နဲ့ လူမှုကူညီရေးအဖွဲ့တွေက လိုက်လံရှာဖွေ ကူညီကယ်ဆယ်နေကြ ပါတယ် ။ အခုမနက် ၉နာရီ အချိန်အထိ လူသေအလောင်း ၆၀ ကို ဆယ်ယူတွေ့ရှိထားပြီလို့ ဖားကန့်မြို့နယ်အုပ်ချူပ်ရေးမှုးကပြောပါတယ်။

ဖားကန့်ရှိ ဝှေခါနွံကန်ပြို ကျမှုကြောင့် လူရာချီ သေဆုံးနိုင်

ရုပ်သံကြည့်ရန်

Facebook Comments

Burmese Online News